𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》

Start from the beginning
                                    

“ကောင်းပြီ ”

လူတိုင်းသည် ကိစ္စမရှိကြချေ။ ကန်တင်းမှကျွေးသော အခမဲ့အစားအသောက်များသည် အရသာမရှိသော်လည်း စားလို့တော့ရလောက်ပါသည်။ သို့သော် အခုခါမှာတော့ နှိုင်းယှဥ်နိုင်မည့်ပုံမရပါချေ။

သူတို့လူတစ်စုသည် လူအုပ်ကြီးနောက်သို့ လိုက်သွားကြကာ မကြာမီပင် အခြေစိုက်စခန်း၏ ကန်တင်းသို့ ရောက်ရှိလာကြသည်။ လူများအားစည်းစနစ်တကျ ဝင်ရောက်လာရန် ညွှန်ပြဖို့ ကန်တင်းတွင်အလုပ်လုပ်နေကြသော စစ်သားများ၏ မိသားစုဝင်များအားလုံးသည် စစ်စိမ်းရောင် ယူနီဖောင်းများ ၀တ်ဆင်ထားကြသည်။

ကန်တင်းအဝင်ဝတွင် မီးဖိုချောင်သုံး ပန်းကန်ပြားများ၊ အိုးများနှင့် ကြမ်းပြင်များကို သန့်ရှင်းရေးတာဝန်ယူရမည့် မီးဖိုချောင်ဝန်ထမ်းဆယ်ဦး လိုအပ်ကြောင်း ဆိုင်းဘုတ်ကြီးတစ်ခု ကပ်ထားလေသည်။ လစာသည် တစ်နေ့လျှင် အလုပ်မှတ်သုံးမှတ်နှင့် ထမင်းသုံးနပ် ပေးမည်ဖြစ်သည်။ ထိုပေးဆောင်မှာမျိုးသည် တကယ်ကို ကောင်းမွန်၏။ ဤအလုပ်မျိုးသည် အုတ်များ သယ်ရွှေ့ခြင်းထက် အများကြီးပိုလွယ်မည်ဖြစ်သည်။  လူများကို စိတ်ကျေနပ်စေရုံသာမကဘဲ အရမ်းလုံခြုံသည်။ သိမ်းဆည်းထားသောအလုပ်အမှတ်များ ကိုလည်း မိသားစုကို ထောက်ပံ့ပေးနိုင်လေသည်။ အလုပ်ခေါ်သတိပေးချက်ကိုမြင်ပြီးနောက် လူတော်တော်များများသည် မှတ်ပုံတင်ရုံးသို့ အပြေးအလွှားသွားကြသည်ကို တွေ့နိုင်သည်။

အခြေစိုက်စခန်း၏လူဦးရေ များပြားသည်ကို ထည့်သွင်းစဉ်းစားထားပြီး ကန်တင်းသည် အလွန်ကျယ်၏။ စုစုပေါင်း အထပ်သုံးထပ်ရှိသည်။ ပထမထပ်နှင့် ဒုတိယထပ်တွင် စားပွဲရှည်နဲ့ ကုလားထိုင်များရှိသည်။ လူများသည် ဘယ်ဘက်ပြတင်းပေါက်သို့သွားပြီး ပူပူနွေးနွေး စားစရာများကို ယူကာ ဤနေရာ၌ပင် တိုက်ရိုက်စားလို့ရသည်။

စားသောက်ပြီးနောက် ပန်းကန်ခွက်ယောက်များကို ညာဘက်ပြတင်းပေါက်မှ ထည့်ပြီး သန့်ရှင်းရေးလုပ်မည့်သူ တစ်ယောက်ယောက်မှ သန့်ရှင်းပေးလိမ့်မည်။ ကန်တင်းပတ်ပတ်လည်တွင် စစ်သားများရှိသည်။ မည်သူ့ကိုမှ ပန်းကန်ခွက်ယောက်များကို ကန်တင်းမှ ယူသွားရန် ခွင့်မပြုချေ။ အကယ်၍ ပန်းကန်ခွက်ယောက်များ ပျက်စီးပါက အလုပ်မှတ်မျကို နုတ်ယူမည်ဖြစ်သည်။ အနှောက်အယှက်ဖြစ်စေခဲ့ပါက ပြစ်ဒဏ်သည် အလွန်ပြင်းထန်သည့်အတွက် ကန်တင်း၏အမိန့်သည် အလွန်ေကာင်းမွန်ပါချေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now