𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》

Start from the beginning
                                    

“ကောင်းပြီ ”

ကျန့်ယွင်သည် ထိုအကြောင်းကို အနည်းငယ်စဉ်းစားပြီး သဘောတူလိုက်၏။ သူလည်း အခြေစိုက်စခန်းနှင့် အကျွမ်းတဝင်ဖြစ်အောင် ကြိုတင်ပြီး ကြိုးစားသင့်သည်။

သူတို့သည် သူတို့ကိုယ်သူတို့ အနည်းငယ်သန့်ရှင်းရေးလုပ်ပြီး အတူတူထွက်သွားကြသော်လည်း ရှောင်ဟေးကို မခေါ်ခဲ့ကြချေ။ လူများ အများလွန်းပြီး တစ်ခုခုမှားသွားပါက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ဂရုစိုက်ဖို့ရာ ခက်ခဲမည်ဖြစ်သည်။

အထပ်မြင့်အဆောက်အဦးမှ ထွက်လာသည်နှင့် တပြိုင်နက် သူတို့၏ အဖွဲ့သည် အာရုံစိုက်ခံခဲ့ကြရသည်။ အဆုံးမှာတော့ အထပ်မြင့်အဆောက်အဦးများကဲ့သို့ အဆောက်အဦများအားလုံးသည် အလုပ်မှတ်များစွာလိုအပ်သည်။ ထိုအိမ်မျိုးတွင် နေထိုင်နိုင်သည့်သူများသည် နောက်ခံကောင်း သို့မဟုတ် သန်မာမှုရှိကြပေလိမ့်မည်။ မည်သူကမှ သူတို့အားပေါ့ပေါ့ဆဆ မနှိုးဆော်နိုင်ပေ။ အထပ်မြင့်တိုက်၏ တစ်ဖက်ခြမ်းသည် ဥပဒေစိုးမိုးရေးအဖွဲ့ဖြစ်သည်။ လက်နက်ကိုင်စစ်သားများသည် တန်းစီပြီးရပ်နေကာ လာနေသည့်လူများကို စိုက်ကြည့်နေကြသည်။ တစ်စုံတစ်ယောက်က ဒုက္ခရောက်အောင် နှိုးဆော်လိုက်သည်နှင့် ဘယ်ကိုမှ ဦးတည်နိုင်တော့မည်မဟုတ်ချေ။

စုံစမ်းစစ်ဆေးရေးမြင်ကွင်းများ မကြာမီပင် ပျောက်ကွယ်သွားကာ ကျန့်ယွင်သည် အရာအားလုံးကို စတင်လေ့လာကြည့်ခဲ့သည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ အများအပြားရှိနေပြီး အားလုံးနီးပါးသည် ကန်တင်းဆီသို့သွားနေကြကာ သူတို့သည် အဝေးမှ အစားအသောက်များ၏အနံ့ကိုပင် ရနေနိုင်လေသည်။

“ငါတို့လည်း ကန်တင်းကိုသွားကြစို့ ”

စုရွေ့ကျယ်၏ နေရာလွတ်တွင် အရာအားလုံးရှိသော်လည်း အမြဲတမ်း အိမ်မှာပုန်းနေပြီး ကိုယ်ပိုင် အစားအစာများကို စား၍မနေနိုင်ချေ။ အခြေစိုက်စခန်းတွင် သူတို့၏မျက်နှာများကို ပြသဖို့ရာ လိုအပ်သေးသည်။ အဆုံးမှာတော့ သူတို့အားလုံးသည် စစ်တပ်ရှိလူများကြား၌လည်း ကျော်ကြားခဲ့ကြလေသည်။ အချိန်တိုလေးသာဆို ပြဿနာမရှိသော်လည်း အချိန်အတော်ကြာပြီးနောက်မှာတော့ သံသယဖြစ်လာနိုင်ဖွယ်ရှိသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now