ပျော်ရွှင်ကာဖြင့် တုန့်ပြန်လာသည့် ရိပ်ကြောင့် စိမ်းပင်
အလိုလိုပြုံးမိတော့သည်။

''အင်း အခုရုံတင်နေတဲ့ သရဲကားလေ တော်တော်လေး
မိုက်တယ်တဲ့ အဲ့ဒါကြည့်ကြမလား''

ထိုစကားကြောင့် ရိပ်မှာ မှင်သေသေရယ်ဖြစ်လို့။
ရိပ်သည် တော်ရုံမည်သည့်အရာကိုမှ မကြောက်တတ်သော်လည်း သရဲတော့ အတော်ကြောက်သည်။
သို့သော်လည်း စိမ်းရှေ့တွင် ထိုအားနည်းချက်အား
ထုတ်မပြချင်ခဲ့။အစကတော့  romantic ဆန်ဆန်
ဇာတ်ကားလေးတွေကြည့်မလားလို့ ရိပ် မျှော်လင်မိခဲ့ပေမယ့်
သူမရဲ့ စိမ်း​ကတော့ သရဲကားတဲ့လေ။

''အင်း...ကောင်းသားပဲ..မမရဲ့''

ဘာပဲဖြစ်ဖြစ် အဆင်ပြေမှာပါ လို့တွေးခဲ့ပေမယ့် ရုပ်ရှင်ရုံအတွင်းသို့ ရောက်သော် အသံကြားသည်နှင့်တင်
ရိပ်မှာ ကြက်သီးထနေတော့သည်။ ရုတ်တရက် သရဲကြီး
ဖွားခနဲ ပေါ်လာသည့် အခိုက်အတန့်များတွင်လည်း မအော်မိအောင် မနည်းထိန်းထားရသည်။ ရုပ်ရှင်ကြည့်ရင်း စားဖို့ ဝယ်လာသည့် မုန့်တို့ကိုပင် အာရုံမရောက်နိုင်ခဲ့။
ရိပ် စိမ်းဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် စိမ်းကတော့
နည်းနည်းလေးမျှ တုန်လှုပ်မှုမရှိ။

'' မမ ကြောက်လားဟင်''

''ဟင့်အင်း မကြောက်ပါဘူး''

''မမ ရိပ် မမလက်ကို ကိုင်ထားပေးမယ်နော်
သရဲပေါ်လာရင် လန့်သွားမှာစိုးလို့''

တကယ်တော့ ရိပ် သူကိုယ်တိုင်​ကြောက်နေသော်လည်း
စိမ်း အမြင်တွင်တော့ သတ္တိမရှိတဲ့သူလို့ မြင်မှာကို
မလိုလား။ထိုစကားကြောင့် စိမ်းလည်း ပြုံးပြပြီး...

''ကဲ ဟုတ်ပါပြီရှင်''

စိမ်းကလည်း ရိပ်၏ လက်လေးအား ​ပြန်၍ ဆုပ်ကိုင်ထားလိုက်သည်။ ဒီလက်တစုံဟာ သက်ဆုံးတိုင်အထိ ဆုပ်ကိုင်ထားခွင့်ရှိခဲ့ရင် ကိုယ်ဟာ ကံအကောင်းဆုံးလူသား
တယောက် ဖြစ်လိမ့်မည်ထင်ပါရဲ့ အချစ်ရယ်။

••••••••••••••••••••••••

ရိပ်နေ့လည်က ကြည့်ခဲ့သော သရဲကားကြောင့် ဘယ်လိုမှ
အိပ်မပျော်နိုင်ခဲ့။ အခန်းထဲတွင် တယောက်တည်း အိပ်ရသည်မို့ အလိုလိုကြောက်စိတ်ဝင်လာမိသည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now