Chapter- 53.1

2.3K 327 15
                                    

Unicode

ကောင်းကင်တစ်ခွင်လုံးတွင် လှပခမ်းနားသော မီးရှူးမီးပန်းများသည် ပွေ့ဖက်နေသောလူနှစ်ယောက်ကို ဂုဏ်ပြုနေပုံရသည်။

မုရှောင်ခယ် သည် ကောင်းကင်ကို မသိစိတ်ဖြင့် မျှော်ကြည့်ကာ မီးရှူးမီးပန်းပွဲကို အနီးကပ်မြင်လိုက်ရသောအခါ ခဏတာ စဉ်းစားဖို့ မေ့သွားခဲ့သည်။ ချူဟန်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူ့မျက်လုံးတွေက မုရှောင်ခယ် ဆီက မခွာနိုင်ပေ။

၁ မိနစ်အကြာတွင် မီးရှူးမီးပန်းပြသမှု ပြီးဆုံးခဲ့သည်။

မုရှောင်ခယ်သည်ချူဟန်ကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်တော့ ချူဟန်ရဲ့မျက်လုံးတွေက မုရှောင်ခယ်ရဲ့နှလုံးသားကို ရေတွေထိသွားသလိုပဲ နူးညံ့သွားတယ်။ မုရှောင်ခယ်သည် သူ့လက်ကို မြှောက်လိုက်ပြီးချူဟန်၏ ပါးကို ညင်သာစွာ ပွတ်သပ်ကာ ခြေဖျားထောက်ကာ ရပ်လိုက်ပြီး ချူဟန်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ နှစ်အနည်းငယ်ကြာအောင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့တဲ့ ချူဟန် ဟာ အမြဲတမ်း သူ့အတွက်ပေးဆပ်ခဲ့ပြီး အမြဲတမ်းအဖော်ပြုခဲ့တယ်။ဒါပေမဲ့သူကတော့ အရင်အချိန်တွေတုန်းက သူ့ကို(ချူဟန်) ကျေးဇူးမဲ့စွာ ရှောင်ရှားခဲ့သည်။ ဒီအနမ်းက သူရဲ့တောင်းပန်စကားပဲ။
ချူဟန်သည် ဒီအနမ်းကိုရလိမ့်မယ်လို့မမျှော်လင့်ခဲ့ပေ။မုရှောင်ခယ်က သူ့ကို လွှတ်လိုက်ပြီးနောက် ဒီချစ်စရာနှုတ်ခမ်းတွေကို ချူဟန်က လွှတ်ပေးလိုက်ဖို့မတတ်နိုင်ပေ။ ချစ်သူရဲ့နှုတ်ခမ်းလေးကို ညင်သာစွာနမ်းလိုက်၊ အသက်ရှူသွင်းလိုက်၊ ခန္ဓာကိုယ်နဲ့ စိတ်တွေကို မင်းရှေ့ကလူက နေရာယူလိုက်၊ ဒီခံစားချက်က နှစ်ယောက်သား မကြုံစဖူး ချိုမြိန်မှုကို ဖြစ်စေတယ်။

"ကိုယ့်အိမ်ကိုလိုက်ခဲ့"

ချူဟန်သည် မုခယ်ရှောင်ကို ပေါ့ပေါ့ပါးပါးဖွင့်ပြောလိုက်သော်လည်း နှုတ်ခမ်းများကို ဖိထားဆဲဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ခွဲရန် ငြင်းဆန်ကြသည်။
မုရှောင်ခယ်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ချူဟန်ပြောသမျှကို သူသဘောတူသည် ။ ချူဟန်ကို မထားခဲ့ချင်ဘူး ချူဟန်နှင့် ထာဝရအတူရှိနေချင်သည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now