Chapter - 23

3.9K 695 29
                                    

Unicode

မုရှောင်ခယ် ဝင်လာပြီး​နောက် မုခိုင် သည် သူ့အလုပ်ခုံရှေ့တွင် ရပ်ကာ သူ့ကို ပြင်းပြင်းထန်ထန် လှောင်ပြောင်လိုက်သည်။

"မုရှောင်ခယ် ၊ မင်းမှာ ဒီလိုဆံညှပ်တွေလုပ်ဖို့ ကောင်းမွန်တဲ့စိတ်ကူးတွေရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး? စိတ်ရောဂါဖြစ်နေတယ်ဆိုပြီးကျောင်းမှာနာမည်ကြီးတာကမလုံလောက်သေးဘူးထင်တယ်။အင်တာနက်မှာလည်းနာမည်ကြီးတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာလား?"

မုခိုင် က ကျောင်းပြီးတာနဲ့ မုရှောက်ယောင်ဆီက မုရှောင်ခယ် ရဲ့တံခါးကုဒ်နံပါတ်ကိုတောင်းတယ်။သူရဲ့ရည်ရွယ်ချက်က မုရှောင်ခယ်ရဲ့အခက်အခဲတွေကိုရှာရန်ဖြစ်ပြီး သူတွေ့လိုက်ရတာကတော့ မုရှောင်ခယ် ကလက်မှုပညာတစ်ခုကိုပြုလုပ်ဖို့စိတ်အားထက်သန်နေသည်မှာ ဟာသတစ်ခုလိုပါပဲ။

မုခိုင် သည် မုရှောင်ခယ်၏ ဆံညှပ်ပစ္စည်းများကိုဖွင့်ကြည့်ရုံသာမက သူ့ကွန်ပြူတာကိုလည်းကြည့်ထားသည်ကိုတွေ့လိုက်ရသည်။
မုရှောင်ခယ် သည် မုခိုင် သည် ယုတ္တိမရှိဘူးဟု အမှန်တကယ်ခံစားရပြီး မုခိုင် ကို လက်ဟန်ပြဘာသာစကားဖြင့် ဒေါသတကြီးဖြင့် လုပ်ပြလိုက်သည်။

"မင်းဘာလာလုပ်တာလဲ? မင်းဒီမှာဘာလုပ်နေတာလဲ?"

"ငါဘာလို့လာတာလဲဟုတ်လား? မင်းရဲ့စာတွေကိုဘယ်လိုလေ့လာနေလဲဆိုတာရယ် အဆင့် ၁၀ ထဲ ဝင်အောင်ဘယ်လိုလုပ်လိုက်လဲဆိုတာကြည့်ရအောင်လာခဲ့တာ ငါတို့ မု မိသားစုက မင်းက အနိုင်ကျင့်ခံရမှုကနေ လွတ်မြောက်နေတော့ မင်း ဘယ်လိုရှင်သန်နေမလဲဆိုတာ သိရဖို့ အဖေ့တောင်းဆိုလို့ငါလာခဲ့တာ သူကမင်းကို ဂရုစိုက်ပေးဖို့ ခဏခဏတောင်းဆိုခဲ့တယ်"

မုခိုင် ထိုသို့ပြောပြီးနောက် မုရှောင်ခယ် လုပ်ထားတဲ့ ဆံညှပ်ကို မြေပြင်နဲ့ ရိုက်ချိုးပစ်လိုက်သည်။

မြေပြင်နဲ့ တိုက်မိလို့ထွက်ပေါ်လာတဲ့ ဆံညှပ်သံက သူ့နှလုံးသားကို ကြေကွဲလုမတတ်ပါပဲ အဲ့ဒါကသူ ဝီရိယစိုက်ထုတ်ပြီးပြုလုပ်ထားတဲ့ဆံညှပ်လေးပါ ။ မုရှောင်ခယ် သည် အပြေးအလွှား ပြေးလာပြီး စစ်ဆေးရန် ဆံညှပ်ကို ကောက်ယူလိုက်သည်။ လိပ်ပြာအခွံများဖြင့် ပြုလုပ်ထားသော ဆံညှပ်သည် ထိုကဲ့သို့သော ပြင်းထန်သော သက်ရောက်မှုကို ခံနိုင်ရည်မရှိသည့်အပြင်ပဲပုံသဏ္ဍာန် ပန်းပွင့်လည်း ပျက်စီးသွားသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now