Chapter-51

2.2K 354 33
                                    

Unicode

မုရှောင်ခယ် သည် ချူဟန် ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းကာလျှောက်လာခဲ့သည်၊ ဖယောင်းတိုင်မီးမှဖြတ်ပြီး ချူဟန်ကို ကြည်နူး စွာကြည့်ကာ ချူဟန် ၏ တောက်လောင်နေသော မျက်လုံးများ ကို ကြည့်လိုက်သည်။ မုရှောင်ခယ် တစ်ခုခုပြောချင် သော်လည်း ဘာပြောရမှန်းမသိ။ သူ့ရှေ့ကလူက သူ့ကို  ထိတ်လန့်စေမယ့်အရာကိုပေးခဲ့တယ်။

ယောက်ျားလေးများစွာ မွေးနေ့သီချင်းကို အတူတူသီဆို ပြီးနောက် ချူဟန် က ကြင်ကြင်နာနာကြည့်ကာ

"ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ၊ မင်းရဲ့ အရွယ်ရောက်တဲ့ မွေးနေ့တုန်းက ကိုယ်မရှိခဲ့ဘူး။ ဒီ တစ်ခါတော့ မရတော့ဘူး၊ နောက်ဆို ကိုယ်မွေးနေ့တိုင်းကိုယ်ရှိနေအောင်ကြိုးစားမယ်"

မုရှောင်ခယ် ၏ဂျူနီယာတပည့်လေးများ လန့်သွားသည်၊ ဒါက ဘာကို ဆိုလိုတာလဲ။ ချူဟန် က ဘာကိုပြောနေတာလဲ၊ သူက, ကတိပေးနေတာလား။

သူ့အခန်းဖော်တွေကလည်း "Happy Birthday" လို့လည်း ပြောပါသေးတယ်။ ကျုံ့ပင်းယွမ်နှင့် အခြားသူများ သည် အိပ်ဆောင်၏ ရှေ့မီးများကို ဖွင့်လိုက်သောအခါ ကမ္ဘာ ကြီးသည် ချက်ချင်းပင် တောက်ပလာခဲ့သည်။

မုရှောင်ခယ် သည် သူ့စိတ်ခံစားချက်များ အလင်းရောင် နှင့် ထိတွေ့မည်ကို စိုးရိမ်သောကြောင့် ချူဟန် ၏ မျက်နှာကို မသိစိတ်က လှမ်းကြည့်သည်။
(T/N အလင်းရောင်ကြောင့် မျက်နှာပေါ်မှာဖြစ်နေတဲ့စိတ်ခံစားချက်တွေပေါ်သွားမှာဆိုးလို့ပါ)

ချူဟန် သည် သူ့အတွေးကို သိပုံရပြီး အနည်းငယ် ပြုံးကာ

" ငါတို့ ဖယောင်းတိုင် မမှုတ်ရသေးဘူး"

လို့ ကောင်လေးတချို့ကပြောပါတယ်။

ထိုအခါမှ ယောက်ျားလေးအနည်းငယ်က
"အင်း၊ အဲ " နဲ့ ချက်ချင်းမီးပြန်ပိတ်လိုက်သည်

အိပ်ဆောင်သည် တစ်ဖန် မှောင်လာကာ
မုရှောင်ခယ် သည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချူဟန်က သူ့ကို ပြုံးကာ

"ဆုတောင်းလိုက်ပါ

မုရှောင်ခယ် သည် မျက်လုံးများကိုမှိတ်ထားသော်လည်းသူက ဘာလိုချင်မှန်း မသိပေ။ ချူဟန်၏ အပြုံးသည် သူ့ စိတ်ထဲတွင် ရှိနေသည်။ မျက်လုံးကို မဝံ့မရဲဖွင့်ကာ ဖယောင်းတိုင်ကို မှုတ်လိုက်သည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now