Chapter - 15

4.7K 827 18
                                    

Unicode

သူမှီခိုနေရတဲ့ မိသားစုက ဘာကြောင့် သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ထိခိုက်စေရတာလဲ၊ သူနဲ့ မသက်ဆိုင်တဲ့ သူစိမ်းတွေက သူ့ကို ပထမဆုံးအကြိမ်ပဲတွေ့ပြီး ကူညီပေးနေတာ ဘာကြောင့်လဲ?

နှစ်ယောက်သား ဓာတ်လှေကားရှေ့တွင် ရပ်နေကြသော်လည်း မုရှောင်ခယ် ၏ ငိုကြွေးမှုကြောင့် မြင်ကွင်းမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ကံမကောင်းစွာပဲ ချူဟန် သည် မုရှောင်ခယ် ကို ဓာတ်လှေကားထဲသို့ ခေါ်သွားနိုင်သော်လည်း 24 ထပ်သို့ရောက်သောအခါ မုရှောင်ခယ်သည် အနည်းငယ် သတိလစ်သွားခဲ့သည်။ချူဟန်က သူ့ကို သူ့အိမ်ကိုခေါ်သွားခဲ့သည်။ခေါ်သွားရုံပါပဲ။

မုရှောင်ခယ်ကို ဆိုဖာပေါ်ထိုင်ဖို့ ကူညီရင်း ချူဟန် က မုရှောင်ခယ် ရှေ့မှာ ထိုင်ပြီး

"ရှောင်ခယ်?"

မုရှောင်ခယ် က သူ့ခေါင်းကို မြှောက်လိုက်ပေမယ့် သူ မျက်လုံးတွေ အရမ်းမဖွင့်နိုင်ဘဲ သူ့မျက်နှာက နီမြန်းလာပြီး အလွန်သနားစရာကောင်းတဲ့ပုံပေါ်လာသည်။

ချူဟန် သည် ခဏကြာအောင် အေးခဲသွားပြီး
မုရှောင်ခယ်၏လက်ထဲသို့ တစ်ရှူးအသစ်တစ်ခုကိုပေးလိုက်သည်။

မုရှောင်ခယ်သည် သူ့မျက်ရည်များကို ဆရာရဲ့ရှေ့တွင် မကျသင့်အောင် တားသင့်ပြီး ဆရာ့ရှေ့တွင် သူ၏အမူအကျင့်ကို မမေ့သင့်သည်ကို သိသော်လည်း သူတကယ်ပင် မထိန်းနိုင်တော့ပေ။ သူ တကယ်ကို နာကျင်နေခဲ့သည်။ သူ ငိုနေချိန် တစ်စုံတစ်ယောက်က သူ့ပခုံးပေါ် လက်တင်ပြီး သူ့ကို နှစ်သိမ့်ပေးစေချင်သည်။ဒါမှမဟုတ် ဒီအတိုင်းပဲ သူ့ကို တစ်ရှူးတစ်ထည် ပေးစေချင်သည်။ သူသည် အခြားသူများ၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းကို လိုချင်သည်။

ဒါပေမယ့် သူ မရခဲ့ဘူး။

အချိန်ကြာလာသည်နှင့်အမျှ မုရှောင်ခယ် သည် တဖြည်းဖြည်း တည်ငြိမ်လာကာ သူ့စိတ်သည် နာကျင်ခြင်းမှ တဖြည်းဖြည်း လွတ်မြောက်သွားသည်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ ချူဟန်က သူ့ဘေးမှာထိုင်ပြီး သူ့ကို ဂရုတစိုက်စိုက်ကြည့်နေတာတွေ့လိုက်ရတယ်။ သူ ရှက်စိတ်ဖြင့် ခေါင်းငုံ့ကာ ချူဟန် ကို ဖုန်းဖြင့် စာရိုက်ပြီး

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now