Chapter-42

2.5K 476 31
                                    

Unicode

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏အာဏာကိုပြသရန် ရောက်ရှိလာသော မုခိုင် သည်  ကျန်ရစ်သူ ခွေးတစ်ကောင်ဖြစ်လာပြီး ခွေးသည်
မုရှောင်ခယ်၏အလုပ် ပြန်ရန် ခြိမ်းခြောက်ဖို့ နံရံကိုခုန်တက်သွားခဲ့သည်။

(T/N တကယ်ကဘာမှမဟုတ်ပါဘူး မုခိုင်က သူ့အလုပ်ပြန်ရဖို့ အာဏာနဲ့ခြိမ်းခြောက်တာပါ။ novelထဲမှာဒီလိုပဲရေးထားလို့:")

ဒါပေမယ့် မုရှောင်ခယ် လည်း ဒီကိစ္စကို မသိခဲ့ပါဘူး။ ဒါက မမျှော်လင့်ထားဘူး။ သူ့အဖေက ဒီလောက် ဆင်ခြင်တုံတရားရှိတဲ့လူမဟုတ်ဘူး။
မုခိုင် သည် အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်ကြောင်း သူသိသော်လည်း မုခိုင်ကို မဖယ်ရှားခဲ့ပေ။ ဘာဖြစ် တာလဲ၊ မုခိုင် က တစ်ယောက်ယောက်ကို စော်ကားလိုက် တာ ဖြစ်နိုင်လား။

မုခိုင်ကအော်ပြီး

"ရှောင်ခယ် ၊ မင်းငါ့ကို ဘာလို့ဒီလို ဆက်ဆံရတာလဲ၊ ငါမုန်းတယ်၊ ငါမင်းကိုမုန်းတယ်"

မုရှောင်ခယ် သည် တံခါးအတွင်း၌ ရပ်နေပြီး မုခိုင်က အပြင်ဘက်တွင် ရပ်နေသည်။ တစ်ချိန်က အလွန်ရင်းနှီးခဲ့ ကြသော ညီအစ်ကိုနှစ်ဦးသည် ယခုအခါ ရန်သူများဖြစ်နေ ကြသည် ။

မုရှောင်ခယ်က မုခိုင်၏ ငိုကြွေးသံကို နားထောင်လိုက်သည်နှင့် သူ့ နှလုံးသားက တုန်လှုပ်သွားသော်လည်း သူ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ ငိုနေရင်တောင်မှ မုရှောင်ခယ် က ပျော့ပျောင်းတော့မည် မဟုတ်ပေ။ မုခိုင် နဲ့ သူနဲ့ ဆက်ဆံရေးက ပြုပြင်ဖို့ မဖြစ်နိုင်တော်ဘူး။

မုခိုင် ၏ အော်ဟစ်သံက အဆောက်အဦးအတွင်းရှိ အခြားနေထိုင်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် အိမ်ခန်းလုံခြုံရေးက မုခိုင်ကို အပြင်သို့ ဆွဲထုတ်ခဲ့သည်။

မုရှောင်ခယ် စိတ်အေးသွားတယ်။

မုခိုင် ထွက်သွားပြီးနောက် သူ့အဖေက သူ့ကို video callခေါ်တယ်။ ပထမစကားက

"ရှောင်ခယ်၊ မင်းအစ်ကို မင်းကိုလာရှာသေးလား။"

မုရှောင်ခယ် က ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ မုခိုင် က ထွက်သွားပြီး ပျောက်ကွယ်သွားတယ်လို့ ပြော လိုက်တယ်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now