Chapter-41

2.9K 464 11
                                    

Unicode

ချူဟန် အိမ်ပြန်ရောက်တော့ 7 နာရီကျော်နေပြီ။ တံခါးဖွင့် သံကြားတော့ မုရှောင်ခယ်က ဧည့်ခန်းထဲကို ချက်ချင်းပြေး သွားတယ်။ ချူဟန်သည် မုရှောင်ခယ် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ဒီကောင်လေးသည် သူ့အတွက် စိတ်ပူနေသညျကို သူသိလိုက် သည်။

"မင်းကိုယ့်ကိုစောင့်နေတာကြာပြီလား"

ချူဟန် ပြုံး၍မေးလိုက်သည်။ မုရှောင်ခယ် က ခေါင်းညိတ်ပြီး

"ခင်ဗျား ကျွန်တော့်ဆီကနေ တစ်ခုခု ဖုံးကွယ်နေတာလား"

လို့ မေးတယ်။

ရက်ပေါင်းများစွာ ဆက်တိုက် အလုပ်များနေတာကြောင့် ကြီးကြီးမားမား တစ်ခုခုတော့ ရှိရမှာပေါ့။ မုရှောင်ခယ် သည်လည်း ချူဟန် ကစားရန် ထွက်လာသည်ကို မယုံကြည်ခဲ့ပေ။ ချူဟန် သည် အချိန်ဖြုန်းမည့်သူမဟုတ်။

"....."

ချူဟန် ခဏကြာ စကားမပြောနိုင်ပေ။ မုရှောင်ခယ် သည် အလွန်စိတ်အားထက်သန်ကြောင်း သူသိသည်။ သူ သည် စောစီးစွာ ထွက်ခွာခဲ့ရပြီး နောက်ကျမှ ပြန်လာခဲ့ရ သည်မှာ သေချာပေါက် သံသယဖြစ်စရာ ဖြစ်ခဲ့သော်လည်း မုရှောင်ခယ် ၏ သံသယကို သူ မကြောက်ခဲ့ဘဲ၊ မုရှောင်ခယ် သည် သူ့ကို ခြွင်းချက်မရှိ ယုံကြည်ဆဲဖြစ်သည်။

"ပြောလို့မရဘူးလား?"

မုရှောင်ခယ် မျက်မှောင်ကြုတ် လိုက်သည်။

"လောလောဆယ်မဖြစ်နိုင်ပါဘူး၊ မင်းကြီးလာရင် ကိုယ် ပြောပြမယ်"

ချူဟန် သည် ကလေးများလိုချော့စကားပြောပြီးလေးနက်စွာ ကတိပြုခဲ့သည်။ ချူဟန် သည်
မုရှောင်ခယ်ကို အစီအစဉ်များကို သူ့ထံမှ ဖုံးကွယ်ရန် ဘယ်တုန်းကမှ မတွေးခဲ့ပေ။မုရှောင်ခယ် ကို ပြောပြရန် အချိန်မတန်သေးပါ။

သို့သော် မုရှောင်ခယ် ကြီးပြင်းခြင်း၏ အဓိပ်ပါယျကို သူ့ဘာသာသူ နားလည်သည်။ သူက အရွယ်ရောက်ပြီးသူ ဖြစ်ပြီး ချူဟန်ထက် အသက်ကြီးတယ်။
(*ပြောချင်တာအရင်ဘဝနဲ့ပေါင်းရင်သူကချူဟန်ထက်အသက်ကြီးတာကိုဆိုလိုတာပါ)

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now