''ဟင့်အင်း..မမ ခွင့်မလွှတ်မချင်း မလိမ်းဘူး''

''အင်းပါ..ရိပ်သဘော''

''မေမေ... မမကလေ ရိပ်ကို ခွင့်လွှတ်လောက်မှာပါနော်''

''ခွင့်လွှတ်မှာပါ သမီးရဲ့။ အရမ်း စိတ်ဆိုးတုန်းမို့
ဖြစ်မှာပါ။ မေမေသာ စိမ်းနေရာမှာဆိုရင်လည်း အဲ့လို
စိတ်ဆိုးပြီး ရိုက်မိမှာပဲ။ စိမ်းမမှားဘူး သမီး''

''ဟုတ်ပါတယ် ရိပ်မှားတာပါ''

''အင်း မေမေ့သမီးက လူတော်လေးပါ။
အမှားအတွက် ပြန်တောင်းပန်ရမယ်..ဟုတ်ပြီလား''

''ဟုတ်ကဲ့ မေမေ''

''ကဲ... အခု ထမင်းစားကြရအောင်''

''ဟုတ်''

ရိပ်စိတ်ထဲတွင် စိမ်းခွင့်လွှတ်ဖို့ကိုသာ မျှော်လင့်နေမိသည်။
စိတ်ပျက်သွားပြီလား ဟူသည့် အတွေးပေါင်းများစွာဖြင့်
တုန်လှုပ်နေမိသည်။ပေးသမျှ အပြစ်ဒဏ်ကို ခံယူဖို့
အသင့်ပါ။ ကျေးဇူးပြုပြီး စိတ်တော့မပျက်လိုက်ပါနဲ့လား။

••••••••••••••••••••••••

ပထမဆုံး စာသင်ချိန် အတန်းပိုင်ဒေါ်ကလျာရဲ့ အချိန်
အခန်းသို့ ရောက်လာသော ကျောင်းသားတဦး။
ထိုသူကတော့ ကောင်းခန့်လင်း ။ကောင်းခန့် အခန်းဝမှ
ရပ်ပြီး ကလျာ့အား လှမ်းခေါ်လိုက်သည်။

''ဆရာမ''

'' အေးသား ပြောလေ''

''ဆရာမစိမ်းကလေ သံစဥ်ချိုရယ် ဝတ်ရည်ငယ်ရယ်
ရွှန်းလဲ့မေရယ်ကို ခေါ်ခိုင်းလိုက်လို့ပါ''

''အော်... ရွှန်းလဲ့တို့ သမီးတို့ဆရာမ ခေါ်နေတယ်
သွားလိုက်အုံးနော်''

''ဟုတ် ဆရာမ''

သံစဥ်တို့ သုံးယောက်ကတော့ ဘုမသိဘမသိ ကြောင်တောင်တောင်လေးတွေ ဖြစ်လို့။ ရိပ်ကတော့
သူ့ကြောင့်မို့ အားလုံးမိကုန်သည် ဖြစ်သောကြောင့်
သူငယ်ချင်းများအား အားနာနေမိသည်။

''ဟဲ့ ကောင်းခန့်...ဆရာမက ဘာလို့ခေါ်တာလဲ''

''အေး..ငါလည်း မသိဘူးဟ..
ဒီတိုင်း နားနေခန်းကို လာခဲ့လို့ပဲ ပြောလိုက်တာ''

''အချစ်ဟုခေါ်သည်''Where stories live. Discover now