ကြီးမယ် အချေအလှတွေ ဖြစ်သည့့်အပြင် စကားပြောပါ ယဉ္ကျေးလှတဲ့ သူမတို့သုံးယောက်ဟာ ပညာတက်လေးတွေမှန်းသိသာသည်။အထူးသဖြင့် သခင်လေးဇနီးလောင်းမှာ ပစ်ချက်မရှိအောင် လှပလေသည်။

"ဘာမှ လုပ်စရာကို မရှိတော့တာ အကုန်ပြီးပြီ သမီးတို့ရဲ့ လာသမတို့ အခန်းလိုက်ပြမယ်"

စံတို့ ၃ယောက် သမင်ခေါင်းတချို့ ချိတ်ဆဲွထားတဲ့ သစ်သားနံရံတွေနဲ့ အပြင်အဆင်ကိုကြည့်ကာ ကြီးမယ်နောက်ကလိုက်ခဲ့သည်။မကျဉ္းမကျယ်၃ ယောက်အိပ်လို့ရတဲ့ ကျွန်းခုတင်ကြီးနဲ့ မှန်တင်ခုံ ဗီဒို တစ်လုံးပဲ အခန်းထဲမှာရှိသည်။မှန်တံခါးရှိတာ့မို့ လိုက်ကာကိုဖွင့်ကာ မှန်တံခါးကို တွန်းဖွင့်တော့ ဝရံတာလို အပြင်ကို ထုတ်ထားပြီး သစ်လုံးတွေနဲ့ဆောက်ထားပြီး ပန်းပင်အလှလေးတွေနဲ့ ထိုငိခုံလေးပါလုပ်ထားသည်။အမြင့့်က ၁ ပေတောင်မရှိတာမို့ ဒီကထွက်ပြီး ခြံကိုပတ်လျှောက်လို့ရသည်။

ခနလောက် အနားယူပြီးတာနဲ့ မဟာအခန်းပြင်ထွက်တော့ သူမတို့၃ယောက်သားက ကြီးမယ်နဲ့ စကားလက်ဆုံကျနေကြသည်။သူတို့ ၃ယောက်လဲ လွတ်တဲ့နေရာ ဝင်ထိုင်လိုက်သည်။

''ကဲ ဘာတွေ စကားကောင်းနေကြတာတုန်း"

"စံ တို့က ခြံနဲ့အိမ် အကြောင်း စပ်စုနေတာ
စံအရမ်းကြိုက်လို့လေ"

" သဘောကျတယ် ဆိုရင် အိမ်ပိုင်ရှင်ကို တာဝန်ယူလိုက်လေ မောင်ကတော့့့ အထူးနော် ဘယ်လိုလဲ ယူမှာလား"

''မောင်ကလဲ သူများတွေနဲ့ကို"

" ဟုတ်ပ မောင်ပိုရယ် သားတို့ ကိုလဲ အားနာပါအုံး"

ခွန်က ဝင်ပြောတော့

နန်းနဲ့ချယ်ကလဲ

"ဟုတ်ပ ဟုတ်ပ"

"အပျိုကြီးတွေနဲ့ ရည်းစားမရှိတဲ့ကောင်တွေဆိုတော့ ရှက် မှာပေါ့ မောင်ဆင်ခြင်လိုက်မယ်နော် မောင့်အသည်း"

"အို"

သူမ မျက်နှာကို ရွှန်းရွှန်းစားစားကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြီး ပြောပုံကြောင့် သူမအရှက်ပိုကာ အသံပင် ထွက်မိသည်။

မောင့်ရင်မှာ အမြင့်စံ(completed)Onde histórias criam vida. Descubra agora