''ဟုတ်''

''အရေးကြီးဆုံး တခုကတော့ ရိပ်လည်းသိပြီးသားဖြစ်မှာပါ။
ဆရာမက စာနဲ့ပတ်သက်လာရင် နည်းနည်းလေးမှ
အလျှော့မပေးတတ်ဘူး။ ဒါကြောင့်မို့ စာကိုသေချာအာရုံစိုက်လုပ်ဖို့တော့ ဆရာမမှာချင်တယ်''

''ဟုတ် ရိပ်သေချာဂရုစိုက်လုပ်ပါ့မယ်''

''အင်း ဒါဆို report card ပြပါအုံး။ အမှတ်တွေ သေချာ
ပြန်ကြည့်ချင်လို့''

ရိပ်လည်း မိမိလက်ထဲက report card လေးအား စိမ်းဆီသို့
လှမ်းပေးလိုက်သည်။

''phy နဲ့ chem အမှတ်ကတော့ ဘာမှပြောစရာမရှိပါဘူး။
မြန်မာစာ ဂုဏ်ထူး မဝင်တာတော့ ရိပ်လက်ရေးသေချာ
သပ်ရပ်အောင် မရေးလို့လည်းဖြစ်နိုင်တယ်။ထားပါ..
မြန်မာစာ ဂုဏ်ထူးမှတ်ရဖို့ကလည်း လွယ်တာမှ မဟုတ်ပဲ။
အဂ်လိပ်စာ ၆၅ ဆို တဲ့အမှတ်ကလည်း မနည်းပါဘူး။
ဒီလောက်ရရင် အဆင်ပြေပါတယ်။ဒါပေမဲ့ သချာ်က
၅၁ ဆိုတော့ သချာ်တွေ မရလို့လား။''

''မရတာထက် ရိပ်က သချာ်ပုစ္ဆာတွေဆို
အရမ်းရှမ်းတတ်လို့။''

''အင်း သချာ်ကို သေချာလေးအားစိုက်လုပ်ရမယ်။
သချာ်ကို အားစိုက်လိုက်လို့ တခြားဘာသာတွေ
လစ်ဟင်းသွားလို့လည်း မရဘူး။သူ့အချိန်နဲ့သူ သေချာလေးလုပ်။ အဲ့ထဲကမှ သချာ်ကို အချိန်လေးနည်းနည်း ပိုလုပ်
ဟုတ်ပြီလား။ ဆရာမ ရိပ်အတွက် အချိန်စာရင်းဆွဲပေးမယ်''

''ဟုတ်''

ထိုအချိန် ဒေါ်သန္တာက ရိပ်အတွက် အအေးလေးတခွက်ကိုင်ကာ ဧည့်ခန်းထဲသို့ဝင်လာသည်။

''ရိပ် ဒါက ဆရာမရဲ့ အဒေါ်လေ''

ရိပ်လည်း ဒေါ်သန္တာအား ပြုံးပြလိုက်၏။

''ဒေါ်လေး ဒါစိမ်းရဲ့ တပည့် ''နှောင်းရိပ်သျှင်''တဲ့။
မနန်း ရဲ့သမီးလေ''

''အော် မေနန်းရဲ့ သမီးလား။ သမီးက သမီးအမေတိုင်း
ချောချောလေးပဲ ကွယ့်''

ဒေါ်သန္တာ ၏ စကားကြောင့် ရိပ်မျက်နှာမှာ ကျေနပ်မှု
အပြည့်ဖြင့်။

''ကဲ သမီးတို့ ဆရာတပည့် နှစ်ယောက်
အေးဆေးစကားပြောကြအုံးနော်''

''အချစ်ဟုခေါ်သည်''Where stories live. Discover now