မင်းကတော့ မနာကျည်းပဲ ဒီတစ်ခါငါ့ကို နာနာကျင်ကျင်လွမ်းပါ။
ငါကတော့ နှစ်နှစ်ကာကာ တစ်သိမ့်သိမ့်လွမ်းမယ်။

ငါနာကျင်ခဲ့တဲ့ ၈ နှစ်တာဟာ ပေါ့တန်တန်မဟုတ်တာမို့ ကံကြမ္မာကို ငါတာဝန်လွှဲပေးလိုက်တယ်။ ကံကြမ္မာက မျက်နှာလိုက်တဲ့နေ့ ငါတို့ တမ်းတမ်းတတ ဆုံကြမယ်။

ငါတကယ် မင်းကို တသိမ့်သိမ့် လွမ်းနေပါတယ်....

#Heki
#27.11.22

Happy chanyeol day ပါ Baby တို့ရေ။



Uni

Mine 27

"စီးကရက်တွေကို အရမ်းသဘောကျတာပဲလား ဟျွန်းနီး..."

*မင်းလောက်တော့ မဟုတ်ဘူး* ဆိုတဲ့အဖြေကို ရင်ထဲကသာဖြေမိတယ်။ တကယ်ဆို ဘတ်ဟျွန်းစီးကရက်ကို သောက်ဖြစ်တာက လွယ်ကူစွာသောက်နိုင်အောင် သူအစပြုပေးထားတဲ့အရာမို့။ ဆိုဂျူတွေ မသောက်တော့တာ သူမပါတဲ့အတွက်ကြောင့်မို့။

တိတ်ဆိတ်နေတဲ့ ဘတ်ဟျွန်းရဲ့ မျက်နှာပေါ်က လှိုင်းတွေကို ချန်းယောလ်က မလွတ်တမ်းဖတ်တယ်။ ဒါပေမယ့် အခါများစွာကလို လွယ်ကူမနေတာတော့ ဝန်ခံရမယ်။

"မနက်ဖြန်မှ ပြန်လာခဲ့မယ်"

ဘတ်ဟျွန်းဟာ အမြဲရပ်ကျန်နေခဲ့ရတဲ့အတိုင်း သင်္ဘောလက်ရန်းမှာ ဒီတိုင်းကျန်နေခဲ့ရတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက နောက်ပြန်လှည့်လို့ အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်နေပါတယ်။

#####

"ဘတ်ဟျွန်းဆံပင်တွေ ညှပ်လိုက်တာလား.."

"ဟုတ်.."

ရှက်ရယ်ရယ်ရင်း ခေါင်းလေးငုံ့သွားတဲ့ ဘတ်ဟျွန်းကို ဘရန်ဒီလေးမော့ရင်းကနေ ကင်ဦးလေးကြီးက သဘောတကျ ရယ်မောသွားတယ်။

"မင်းနဲ့လိုက်တယ် ကောင်လေး"

"ဦးလေးကလဲဗျာ..."

ဘရန်ဒီပုလင်းလေးမြှောက်ပြပြီး ပဲ့ခန်းထဲဝင်သွားတဲ့ ကင်ဦးလေးကြီးကို ဘတ်ဟျွန်းက မျက်စိတစ်ဆုံးကြည့်ပြီးမှ ပင်လယ်ဘက်မျက်နှာမူလိုက်တယ်။ ဒီနေ့လဲ ပင်လယ်ဇင်ယော်တွေ ခပ်နိမ့်နိမ့်ပျံသန်းနေကြတယ်။

MINE(Completed)Where stories live. Discover now