ရိပ် လည်းဘာမှမသိတာမို့ လက်သည်းလေးများ
အား ရန်ရှာကာ ကုတ်ဖဲ့နေတော့သည်။စာတွေ ပြိုင်ရွတ်
နေကြသည့် ကျောင်းသားများကြား ကြောင်တောင်တောင်လေးဖြစ်နေသော ရိပ်အား စိမ်း ပြုံးစိစိဖြင့်ကြည့်နေမိသည်။
ထိုသို့ဖြင့် စိမ်းနှင့် အကြည့်ဆုံမိသည့် အခိုက် ရှက်ကိုးရှက်ကန်း ဖြင့် ရိပ်ခေါင်းငုံ့နေမိသည်။ ရိပ်၏ ချစ်စရာအပြုအမူလေးများအား စိမ်း အတော်ပင်အသည်းယားနေတော့သည်။

''ကဲ ဟုတ်ပြီ။ အဲ့ဒါဆိုအခု မေးခွန်းဟောင်းစာအုပ်ထဲက
No sooner than အပုဒ် ၃၀ ဖြေမယ်။မှားမှားမှန်မှန်
အရင်ဖြေကြည့် ပြီးမှ ဆရာမနဲ့ အဖြေတိုက်ပြီး တခေါက်ထပ်ရှင်းပြမယ်။''

''ဟုတ် ဆရာမ''

''အော်... ဒါပေမဲ့ No sooner than ကတော့ ဒီတခေါက်စာမေးပွဲမှာ မပါသေးဘူးနော်။အိမ်မှာတော့ အခု စာမေးပွဲမှာ
ပါမယ့် Grammar တွေကိုပဲ သေချာပြန်ကျင့်။''

''ဟုတ်''

ကျောင်းသားများ အားလုံးအသီးသီး ပေးထားသည့်စာများအား ငြိမ်ငြိမ်လေး လုပ်နေကြသည်။ရိပ် တယောက်ကတော့
အခုထိ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိသေးပေ။

''နှောင်းရိပ်သျှင်...ဆရာမ စားပွဲကို
စာအုပ်တွေ ယူပြီးလာခဲ့''

ဘာရယ် ကြောင့် ခေါ်မှန်းမသိသည်မို့ ရိပ်လည်း ခေါင်းလေးကုတ်ကာ စာအုပ်တွေယူပြီး စားပွဲဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

''ထိုင်''

စားပွဲဘေးက ခုံအလွတ်လေးအား မေ့ငေါ့ကာ ပြောလာသည်မို့ ရိပ်လည်း စိမ်းပြောသည့်အတိုင်း ထိုထိုင်ခုံလေးတွေ ဝင်ထိုင်လိုက်သည်။ထိုအခါ စိမ်းက ရိပ်၏နှဖူးလေးအား
လက်ဖြင့် ညင်သာစွာ ထိလိုက်သည်။

''အင်း ကိုယ်တော့မပူတော့ဘူးပဲ''

ရုတ်တရက်မိမိ နှဖူးအားလာထိသည့် စိမ်းကြောင့် ရိပ် မျက်လုံးဝိုင်းလေးများဖြင့် ပြန်၍ ကြည့်လာသည်။
ထိုအခါ စိမ်းက ရိပ်အား ပြုံးပြလိုက်ပြီး ရိပ်၏ နှာခေါင်းလေးအား ခပ်ဖွဖွ ညှစ်လိုက်ကာ....

''ကိုယ့်ကိုကိုယ် ဂရုစိုက်မှပေါ့ရှင့်
အခုတော့ နေမကောင်းလို့ ကျောင်းပျက်ပြီး
စာတွေ နောက်ကျကုန်ပြီ''

''အချစ်ဟုခေါ်သည်''Where stories live. Discover now