"အား!...သေပါပြီး..ကယ်ကြပါဉီး အား!..."

"ဒီစောက်လုံးတွေကငါ့အပိုင်ကိုကြည့်ဉီးမလားဟမ် ခွပ်!
နောက်ကိုငါ့အပိုင်ကိုထိဉီးမလား ခွပ်! "

ထိုလူကို စောင့်တွန်းလိုက်ပြီး အပေါ်ကခွကာ
ပါးစပ်ကလည်းပြောရင်း မျက်နှာဆိုးကို စုတ်ပြတ်သွားအောင် လှိမ့်ထိုးနေသည်။
ဒေါသအတော်ထွက်နေတာမို့ ဘယ်နှစ်ချက်ထိုးမိမှန်း
မိသိအောင်ကို သဲကြီးမဲကြီးထိုးနေမိသည်။

"အမလေး ဘာတွေဖြစ်နေကြတာလဲ ရှောင်းကျန့်ရေ
ဆွဲပါဉီးဟ "

ဘီယာဖာတွေယူပြီး ပြန်လာတဲ့လုလုကတော့
သူ့ဆိုင်ဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက
သွေးတွေတောင် စောင့်တိုးသွားသလိုပင်။

တစ်ဆိုင်လုံးမှာ ဧည့်သည်တစ်ယောက်မှ မရှိတော့သည့်အပြင် စားပွဲခုံတွေကလည်း ကျိုးတဲ့ခုံကကျိုးနေပြီး အဆိုးဆုံးကတော့ သူ့ဆိုင်ထဲမှာထိုးကြိတ်နေကြခြင်းပင်။
ဒါ့အပြင် ရှောင်းကျန့်ကလည်း ဝင်မဆွဲဘဲမတ်တပ်ရပ်ကာ
ကြည့်နေသည်မို့ လုလုပြာယာခတ်နေပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ။ အထိုးခံနေရတဲ့  အောက်က တစ်ယောက်ကလည်း မျက်နှာတစ်ခုလုံး သွေးတွေမြင်မကောင်းအောင် ရဲနေပြီး အသံတောင်မထွက်နိုင်တော့။ အပေါ်ကနေ လှိမ့်ထိုးနေတဲ့သူကို သေချာကြည့်လိုက်တော့
ရှောင်းကျန့်ယောကျ်ား ဝမ်ရိပေါ်ဖြစ်နေလေသည်။

"ရှောင်းကျန့်ရေကြည့်မနေနဲ့ မင်းယောကျ်ားကို
ဝင်ဆွဲပါဉီးဟဲ့ ဟိုမှာသေတော့မယ် "

နားစည်ကိုရိုက်ခတ်လာတဲ့ မင်းယောကျ်ားဆိုတဲ့
စကားက ပါးကိုလက်နဲ့ဖြန်းကနဲ ရိုက်လိုက်သလို
မျက်လုံးတွေပြူး ကျယ်သွားရသည်။ အသိပြန်ဝင်လာတော့သူ့ရှေ့က
စားပွဲခုံကြီးကမှောက်နေပြီး ခုနကလူကြီးကို
လူတစ်ယောက်ယောက်က အပေါ်ကနေတက်ဖိကာ
လှိမ့်ထိုးနေသည်။

အပေါ်က သဲကြီးမဲကြီး ထိုးနေတဲ့ လူကိုသေချာကြည့်လိုက်တော့မှ
ရိပေါ်ဖြစ်နေတာမို့ ရှောင်းကျန့် လန့်ဖြန့်ပြီး
ခြေမကိုင်မိလက်မကိုင်မိ ။

"မောင် မလုပ်နဲ့တော့ သူသေသွားလိမ့်မယ် "

သူ့စကားကို တစ်ချက်တောင်အရေးမစိုက်ဘဲ သတိမေ့နေတဲ့သူကို လှိမ့်ထိုးနေတဲ့ရိပေါ်ပုံစံက တကယ်ကိုကြောက်စရာပင်။ ပါးစပ်ကသာ မလုပ်နဲ့တားနေရပေမဲ့ ဒေါသအထွက်လွန်
နေတဲ့ရိပေါ်ကိုဝင်မဆွဲရဲဘဲ ခြေတုန်လက်တုန်နှင့်။

My very bad husband  belong to meOù les histoires vivent. Découvrez maintenant