"အဆို ကိုကြီးကလိမ်နေတယ်လို့
ညီလေးကပြောချင်တာလား "

ရီဝေဝေစကားသံအဆုံး ရှောင်းကျန့်လက်သီးဆုတ်တွေ
တင်းသထက်ပိုတင်းလာသည်။

"အလိုလည်းမဟုတ်ပါဘူးဗျ ဒါပေမဲ့ချဉ်တယ်ဆိုတာတော့
ဘယ်လိုမှမဖြစ်နိုင်ပါဘူး "

"ညီလေး မယုံရင် သောက်ကြည့်လိုက် ရော့ "

ခွက်ထဲထည့်ပြီးသားဘီယာကိုယူပြီး သူဆီထိုးပေးလာသည်။

"ကျွန်တော်အလိုမသောက်တက်ဘူးဗျ
ခနလေးစောင့်ပေးပါ အမလုလုကိုခေါ်ပေးပါ့မယ်"

ထွက်သွားဖို့ပြင်နေတဲ့သူ့ကိုလက်ကနေပြန်
ဆွဲလိုက်တာကြောင့် ရှောင်းကျန့် ဒေါသထောင်းကနဲထွက်သွားသည်။
ဒါပေမဲ့စိတ်လိုက်မာန်ပါတော့မလုပ်လိုက်
အလုပ်နောက်ဆုံးရက်လေးကိုပြသနာမဖြစ်စေချင်ပါ။

"ဘာလို့လုလုကိုခေါ်မှာလဲ ညီလေးသာဒီဘီယာကို
သောက်လိုက်ရင်ပြီးနေပြီ။ ညီလေးသောက်ကြည့်ပြီးလို့
မချဉ်ဘူးလို့ပြောရင် ကိုကြီးယုံလိုက်မယ် ဘယ်လိုလဲ"

ပြီတီတီမျက်နှာဘေးနဲ့ ပြောလာတဲ့ထိုလူကြီးက
သူ့ကိုဘီယာယောက်စေချင်လို့ တမင်ဂွင်ဆင်နေမှန်း
ရှောင်းကျန့် ရိပ်မိလိုက်သည်။ ဆိုင်ထဲမှာ ဆွဲလားရမ်းလား
ဖြစ်နေတဲ့ သူတို့ကို တစ်ချို့ဧည့်သည်တွေက
ကဲကြည့်ကဲကြည့် လုပ်နေတာမို့ ဒီကိစ္စကို အမြန်ဖြေရှင်းမှရမည်။

"ကျွန်တော်ဒီဘီယာကိုသောက်ရင်ရပြီလား "

ဆွဲထားတဲ့လက်ကိုစောင့်ဖြုတ်ချလိုက်ပြီး
အံကြိတ်သံနဲ့ပြောလိုက်သည်။

"ညီလေးသာ ဒီဘီယာကိုသောက်လိုက်ရင် အဆင်ပြေပြီ "

ရှောင်းကျန့် တံတွေးတစ်ချက်မြိုချလိုက်ပြီး သက်ပြင်းချကာ ရှေ့ကဘီယာခွက်ကို တစ်ဂျိုက်ထဲမော့သောက်လိုက်သည်။
တစ်ခါမှမသောက်ဖူးတဲ့ အူရိုင်းလေးမို့ပါးစပ်ထဲကို
ဝင်လာတဲ့ခါးသက်သက်အရသာက တော်တော်ကို
ဆိုးဝါးသည်။ တစ်ခွက်ထဲဆိုပေမဲ့ အဝင်အရမ်းဆိုးသည်မို့
ရင်ဘက်ကနေပြန်ပျို့တက်လာသည်။

ရှောင်းကျန့် အမြန်ဘဲ ပါးစပ်ကိုလက်နဲ့ အုပ်ကာပြန်ထိန်းလိုက်ကာ ထိုဝိုင်းမှသွားဖို့ပြင်လိုက်သည်။

My very bad husband  belong to meWhere stories live. Discover now