လက်သီးလေးဆုပ်ကာ မျက်လုံးစုံမှိတ်ထားတဲ့ မ,ရဲ့ဝင်းမွတ်နေတဲ့ မျက်နှာလေးကို အနီးကပ်မြင်ရလေလေ စေ့မှာ ရင်ခုန်လာလေဖြစ်ကာ စေ့ရင်ခုန်မြတ်နိုးခြင်းတွေကို မ,ရဲ့နှုတ်ခမ်းဖူးလေးထက် အခြေချလိုက်မိသည်။ နုထွေးအိစက်နေတဲ့အထိအတွေ့ကြောင့် အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းကို မနေနိုင်စွာ တစ်လှည့်စီစုပ်ယူနမ်းရှိုက်လိုက်သည်။ ခုထိ တုံ့ပြန်အနမ်းမပေးလာတဲ့ မ,ကြောင့် စေက နမ်းနေတာကို ခဏရပ်ပြီး မ,နဲ့နဖူးချင်းထိကပ်လိုက်ကာ
"မောင်နမ်းသလို ပြန်နမ်းလေ မ"
"………."
မျက်နှာလေးနီရဲကာ ဘာစကားမှ ပြန်မပြောတဲ့ မ,ရဲ့နဖူးထက် အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး တဖန် နှုတ်ခမ်းလေးတွေကို ပထမတုန်းကအတိုင်း အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကို တစ်လှည့်စီ ဖွဖွလေး စုပ်ယူနမ်းရှိုက်နေမိသည်။ ရုတ်တရက် တုံ့ပြန်လာတဲ့ မ,နှုတ်ခမ်းလေးတွေရဲ့ အထိအတွေ့ကြောင့် စေ့ရင်ထဲပျော်ရွှင်ခြင်းတွေ အတိုင်းမသိဝင်ရောက်လာကာ စေ့ရင်ဘတ်ပေါ်တင်ထားတဲ့ မ,လက်လေးတွေအား စေကိုယ်တိုင် စေ့လည်ပင်းအား သိုင်းဖက်ထားခိုင်းလိုက်သည်။ ပြီးတာနဲ့ မ,ရဲ့ခါးလေးကို တင်းနေအောင်ဖက်ထားလိုက်ပြီး အနမ်းတွေကို အရှိန်မြှင့်လိုက်သည်။
စေ့ဘက်က အရှိန်ကို မ,ကတော့ အသည်းသန်ရုန်းကန်ရင်း အမှီလိုက်နေရမှန်းသိပေမယ့် စေ့ဘက်က ရင်ခုန်ပြီး ထိန်းချုပ်နိုင်စွမ်းမဲ့ကာ အားဖြင့်စုပ်ယူနမ်းရှိုက်မိသည်။ မိနစ်အတော်ကြာ နမ်းရှိုက်ပြီးချိန်မှာတော့ မ,က အသက်ရှုကြပ်လာပုံရလာတာမို့ စေနမ်းရှိုက်နေတာကို ရပ်လိုက်ပြီး နှုတ်ခမ်းနှစ်ခုကို ခွာလိုက်တော့ မ, ရင်ဘတ်လေးနိမ့်ချည် မြင့်ချည်ဖြင့် အသက်ကို မနည်းလုရှုနေရသည်။
"အဆင်ပြေရဲ့လား မ "
"မောတယ်"
"အဟွန့် နောက်တော့အဆင်ပြေသွားလိမ့်မယ်"
"မောင်နော်"
"ဟုတ်တယ်လေ… ဒီလိုမျိုး နမ်းတာကို အမြဲတမ်းလေ့ကျင့်လိုက်ရင် မ,နောက်ဆို အဆင်ပြေသွားလိမ့်မယ်"
💕Happy New Year💕
Start from the beginning
