"အဟွန့် မ,က သိပ်ကိုအသည်းယားဖို့ကောင်းနေတာကိုး… ချစ်သူတစ်ယောက်လုံး မ,ရှေ့မှာရှိနေတာကို မ,က ဘာလို့ ကိုရီးယားကားကြည့်ပြီး လေ့ကျင့်နေဦးမှာလဲ… မောင်နဲ့ပဲ လက်တွေ့လေ့ကျင့်သင့်တာ မဟုတ်ဘူးလား"
နှောင်းကို နူးညံ့တဲ့အကြည့်တွေနဲ့ကြည့်လာပြီး ပါးချိုင့်လေးခွက်ဝင်နေအာင် ပြုံးရင်း ပြောလာတဲ့မောင့်စကားကြောင့် နှောင်းမျက်နှာလေးမှာ ဖြန်းခနဲပူတက်သွားရသည်။ ပြန်ပြောစရာစကားများ ပျောက်ဆုံးနေကာ မောင့်ကိုမကြည့်ဘဲ အကြည့်လွှဲနေတာမို့ မောင်က နှောင်းရဲ့မေးစေ့ကို ထိန်းကိုင်လိုက်ပြီး နှောင်းကို သေချာကြည့်ကာ
"မောင်ပြောပြီးသားမလား… မ,ကို ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မောင်ငြိုငြင်မှာ မဟုတ်ဘူးလို့… မောင့်အတွက်က အရာအားလုံးထက် မ,ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားတာမို့ ဘာအတွက်နဲ့မှ မ,ကို စိုးရိမ်ပူပန်နေတာမျိုး မဖြစ်စေချင်ဘူး သိရဲ့လား"
"…………"
"ပြီးတော့ မနမ်းတတ်ဘူးဆိုလည်း တဖြည်းဖြည်းနမ်းရင်း နမ်းရင်း နမ်းတတ်သွားလိမ့်မယ်… ဆိုတော့ အဆင်သင့်ဖြစ်ပြီလား"
"ဟင်"
ရင်ခုန်စရာမောင့်စကားတွေထဲ နစ်မြောနေရင်း မောင့်အမေးကို မကြားလိုက်တာမဟုတ်ဘဲ ဒီအတိုင်းယောင်ပြီး ဟင်လို့ ထူးမိသွားတာဖြစ်သည်။ မောင်ကတော့ နှောင်းကို ချစ်ရည်ရွန်းလဲ့နေတဲ့မျက်လုံးနဲ့ သေချာငေးကြည့်နေကာ နှောင်းပါးပြင်လေးကိုလည်း။လက်တစ်ဖက်နဲ့ပွတ်သပ်လာတာမို့
"ဟို… ဟို"
"ပြောပါ… မောင်နားထောင်နေတယ်"
မောင်က နားထောင်နေတယ်ဆိုပေမယ့် နှောင်းက ပြန်မဖြေရဲတာမို့ ခေါင်းညိမ့်ပြလိုက်တော့ မောင်က ပါးချို့လေးတွေပေါ်သွားတဲ့အထိ နှောင်းကို ပြုံးပြလာကာ နှောင်းမျက်နှာနားကို မောင့်မျက်နှာက နီးကပ်လာသည်။ ရှေ့ဆက်ဖြစ်လာမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာတွေကြောင့် နှောင်းမှာ ရင်ခုန်ကာ မောင့်ရင်ဘတ်ပေါ်တင်ထားတဲ့နှောင်းလက်လေးတွေက မောင့်အင်္ကျီစကို ဆွဲကိုင်ထားလိုက်မိသည်။
💕Happy New Year💕
Start from the beginning
