💕Happy New Year💕

Comenzar desde el principio
                                        

"ဘာကိုလဲ"

မောင့်ရဲ့အမေးက နှောင်းကို အကြပ်ရိုက်စေပေမယ့် နှောင်း ပြန်မဖြေမချင်း မောင်က ဇွတ်မေးမယ်ဆိုတာသိနေတာမို့ မျက်နှာပူပူနဲ့ပဲ

"အဲ့လို… အဲ့လို… အဲ့လိုနမ်းဖို့"

"ဟင်"

"မောင်နမ်းချင်တဲ့ပုံစံမျိုး နမ်းဖို့ နှောင်းအဆင်သင့်မဖြစ်သေးဘူးလို့"

"မောင်နမ်းချင်တဲ့ပုံစံမျိုးဆိုတာ ဘာလိုပုံစံမျိုးလဲ"

"အဲ့ဒါ……."

မောင့်မေးခွန်းကိုဖြေဖို့ မောင့်မျက်နှာကို ကြည့်လိုက်မိတော့ နှုတ်ခမ်းတွေက ပြုံးနေပြီး နှောင်းကို မျက်ခုံးပင့်ကာ မေးနေတာကြောင့် တမင်သက်သက်စနေမှန်း သဘောပေါက်သွားကာ ပြောမယ့်စကားက ပါးစပ်ဖျားမှာတင် ပျောက်သွားရသည်။

"ပြောပါဦး မောင်က ဘယ်လိုနမ်းချင်တာလဲ"

"မောင်နော်"

"ဟားဟားဟား မ,ကလည်းဗျာ… မောင်တို့ဟိုနေ့ကလည်း နမ်းဖူးတယ်လေ… ဒါပထမဆုံးမှမဟုတ်တော့တာ"

"သိပါတယ်… ‌ဒါပေမယ့်"

"…………"

"နှောင်းမှ မောင့်လိုမနမ်းတတ်တာ… ပြီးတော့ မကျွမ်းကျင်ဘူးလေ… အဲ့တော့ မောင်ငြိုငြင်သွားရင် ဘယ်လိုလုပ်မလဲ… အာ့ကြောင့်… အာ့ကြောင့် နှောင်းအရင်လေ့ကျင့်ဖို့ အချိန်လိုအပ်တယ်"

ရှက်ရှက်နဲ့စကားကို တရစပ်ပြောသွားတဲ့ မ,ရဲ့စကားအဆုံး စေ့မှာ သဘောကျလွန်းလို့ ပါးစပ်က နားရွက်တပ်ချိတ်မတက် ပြုံးနေမိသည်။ ထို့နောက် မ,ရဲ့ခါးကို တင်းနေအောင် ပွေ့ဖက်ထားကာ ရင်ဘတ်ချင်းအပ်လိုက်တော့ နှုတ်ခမ်းလေးကို ကွယ်ထားတဲ့လက်ကလေးက ဖျတ်ခနဲဆိုပြီး စေ့ရင်ဘတ်ကိုထိန်းသလိုမျိုးဖြင့် တွန်းကာ ကာထားလေသည်။ ကွယ်ထားတဲ့လက်ကလေးဖယ်သွားတာမို့ မ,ရဲ့နှုတ်ခမ်းဖူးလေးကို တစ်ချက်ကြည့်လိုက်ပြီး မ,မျက်နှာကို ပြန်ကြည့်ကာ

"လေ့ကျင့်မယ်ဆိုတော့ မ,က ဘယ်လိုလေ့ကျင့်မလို့လဲ"

"ကိုရီးယားကားတွေပြန်ကြည့်လို့ရတာပဲဟာ… မောင်နော် ဘယ်လိုဖြစ်လို့ လူကို အတင်းဖက်ထားရတာလဲ"

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora