"မောင် မ,ကို နမ်းချင်တယ်… မောင့်ကို နမ်းခွင့်ပေးမယ်မလားဟင်"
"ဟင်"
ခါးကိုတင်းကြပ်စွာဖက်ထားပြီး မောင်နဲ့ရင်ချင်းအပ်နေတဲ့အနေအထားကြောင့် နှောင်းမှာ အနေခက်နေရတဲ့အပြင် မောင့်ရဲ့ခွင့်တောင်းစကားကြောင့် နှောင်းမှာ အေးတာတွေဘာတွေမသိတော့ဘဲ တစ်ကိုယ်လုံးအငွေ့တွေထွက်လာသလိုပင် ခံစားနေရပြီး ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံးပူတက်လာသည်။ မောင်ကတော့လေ တကယ်ပဲ နှောင်းကို အနေရခက်ပြီး ရင်ခုန်အောင်သိပ်လုပ်တယ်… ခုလိုတည့်မေးတော့ နှောင်းက ဘယ်လိုမျက်နှာနဲ့ ပြန်ဖြေရပါ့မလဲ။ ပြီးတော့… ပြီးတော့…… ။
နှောင်းမှာ တစ်ယောက်တည်း အတွေးတွေ ယောက်ယက်ခတ်နေစဉ် နှောင်းမျက်နှာနားကို တဖြည်းဖြည်းနဲ့ငုံ့မိုးကျလာတဲ့ မောင့်မျက်နှာကြောင့် နှုတ်ခမ်းချင်းထိဖို့ သိပ်မလိုခင်မှာပဲ နှောင်းမှာ ခေါင်းကို နောက်ယို့လိုက်ပြီး နှုတ်ခမ်းလေးကို လက်နှစ်ဖက်နဲ့ကာလိုက်လေသည်။
မ,က နှုတ်ခမ်းလေးကို လက်နဲ့ကာလိုက်ကာ စေ့ကို မျက်လုံးလေးပြူးကာ ကြည့်နေတာမို့ မ,ကို နားမလည်တဲ့အမူအရာနဲ့ ကြည့်လိုက်မိသည်။ မ,က စေ့ရဲ့အကြည့်တွေကို ဟိုရှောင်ဒီရှောင်လုပ်နေရင်း တစ်ချက်တစ်ချက် စေ့ကိုလည်း မသိမသာကြည့်လိုက်သေးသည်။ မ,ဖြစ်နေတဲ့ပုံစံက မဟုတ်တာလုပ်ထားတဲ့ကလေးက မိဘဆီကအဆူခံရတော့မယ့်အချိန်မှာ ဖြစ်လေ့ရှိတဲ့ပုံစံမျိုးပင်။ သိပ်ကိုချစ်စရာကောင်းသလို ရယ်ချင်စရာလည်းကောင်းပေမယ့် စေ့မှာ ရယ်ချင်စိတ်ကို မြိုသိပ်ကာ မ,ကို ဘာလို့လဲဆိုပြီး ထုတ်မေးရသည်။
"ဘာလို့လဲ မ"
"ဟို… ဟို… ဟိုလေ… နှောင်း… နှောင်း…"
ပြောရခက်သလိုပုံစံလေးနဲ့ စေ့ကိုအကြည့်လွှဲကာ မဝံ့မရဲဖြစ်နေပုံကြောင့်
"ပြောလေ မ,ရဲ့… ဘာလို့လဲ… မောင်တို့တွေက ချစ်သူတွေလေ… မ,ဘက်က အဆင်မပြေတာရှိရင် မောင့်ကို ပွင့်ပွင့်လင်းလင်းပြောပြပေါ့… ဘာလို့လဲ… မောင့်ကိုရှက်လို့လား"
မ,က ခေါင်းလေးညိမ့်ပြလာပြီး
"ပြီးတော့… ပြီးတော့… နှောင်း အဆင်သင့်မဖြစ်သေးဘူး"
💕Happy New Year💕
Start from the beginning
