💕Happy New Year💕

Start from the beginning
                                        

"ဘာ… ဘာ… ဘာလဲ… ပေး… ပေးစရာရှိတယ်ဆိုပြီး"

"အဟွန့် ဟုတ်တယ်လေ… မ,ကို နှစ်သစ်မှာ အနမ်းဦးလေးပေးချင်လို့… စောနကတည်းက ပေးမလို့ဟာကို အော်သံတွေကြောင့် အရှိန်ပျက်သွားလို့… အိပ်ကြည့်ပေမယ့်လည်း မ,ရဲ့မျက်နှာလေးနဲ့ ဟောဒီက နှုတ်ခမ်းလေးကို မြင်ယောင်ပြီး အိပ်လို့ကလည်းမပျော်တာနဲ့ မ,ကို ထွက်လာခိုင်းလိုက်တာ"

နှောင်းရဲ့နှုတ်ခမ်းလေးကို လက်ညှိုးလေးနဲ့တို့ထိကာ ရင်ခုန်စရာစကားတွေ ပြောနေတဲ့ မောင့်ကို ရှက်မျက်စောင်းလေးထိုးလိုက်ပြီး

"လူတွေမြင်ကုန်ရင် ဘယ်လိုလုပ်မလဲ"

"အာ့ကြောင့် ဘယ်သူမှမမြင်ရတဲ့နေရာကို ခေါ်လာတာလေ… မောင့်အခန်းထဲဆိုရင်လည်း မတော်လို့ တစ်ယောက်ယောက်မြင်သွားရင် မ,အတွက် မကောင်းမှာစိုးလို့… အေးနေမယ်မှန်းသိပေမယ့် အပြင်ပဲခေါ်လိုက်ရတာ"

နှောင်းအတွက်တွေးပေးပြန်တဲ့ မောင့်ရဲ့စိတ်ကိုသိပြန်တော့ နှောင်းမှာ ပြုံးချင်ချင်ဖြစ်သွားတဲ့ နှုတ်ခမ်းတွေကို အတင်းပြန်တည်လိုက်ပေမယ့် မသေသပ်မှန်း နှောင်းကိုယ်တိုင်သိသည်။ 

"ခုပေးပြီးပြီဆိုတော့ နှောင်း အထဲပြန်ဝင်တော့မယ်"

"နေပါဦး မ,ရဲ့"

အထဲပြန်ဝင်တော့မယ်ဆိုပြီး စေ့လက်ထဲကနေ လက်ဖဝါးလေးကို ရုန်းထွက်ရန်ပြင်နေတဲ့ မ,ရဲ့လက်ကို ပြန်ဆွဲထားလိုက်တော့ စေ့ရင်ခွင်ထဲဝင်လာတဲ့ ကိုယ်လုံးလေးကို လွတ်ထွက်မသွားအောင် ခါးကနေ သိုင်းဖက်ထားလိုက်သည်။ မ,က စေ့ရဲ့ရင်ဘတ်ကို လက်ဖဝါးနဲ့ အနာအောင် အသာရိုက်လိုက်ကာ

"‌ဘာလုပ်တာလဲ မောင်ရဲ့… အပြင်မှာ အေးတယ်"

"နွေးသွားအောင် မောင်ဖက်ထားပေးမယ်လေ"

မျက်လုံးလေးထောင့်ကပ်ကာ စေ့ကို မကျေမနပ်မော့ကြည့်နေတဲ့ မျက်နှာလေးကြောင့် စေအသံထွက်ရုံ ရယ်လိုက်မိပြီး လက်တစ်ဖက်ဖြင့် မ,ရဲ့ခါးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာဖက်ထားပြီး နောက်လက်တစ်ဖက်က မ,ရဲ့ပါးပြင်ဖောင်းဖောင်းလေးနဲ့ မေးရိုးတစ်လျှောက်ကို လက်ဖဝါးလေးဖြင့ ပွတ်သပ်နေရင်း အကြည့်တွေကတော့ မ,ရဲ့နှုတ်ခမ်းဖူးလေးဆီကနေ မခွာနိုင်ပေ။ နှုတ်ခမ်းလေးကိုကြည့်နေရင်း စေ့မှာ အာခေါင်တွေခြောက်ကပ်လာသလို ခံစားရတာကြောင့် တံတွေးတစ်ချက်မြိုချလိုက်ကာ မ,နဲ့အကြည့်ချင်းဆုံလိုက်ပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now