အိမ်တံခါးကိုဖွင့်လိုက်တာနဲ့ စိမ့်ခနဲအေးသွားတာမို့ ပုခုံးလေးကို ကျုံ့လိုက်မိသည်။ ခန္ဓာကိုယ်ကိုနွေးသွားအောင် ခုန်စွခုန်စွလုပ်နေစဉ် မောင်က နှောင်းနားကို ရောက်လာပြီး
"အေးနေလား"
"အင်း စိမ့်ခနဲပဲ… မေးတောင်ရိုက်နေပြီ"
"အဟွန့်… လာ"
ရာသီဥတုက စေ့အတွက်တော့ မပြောပလောက်ပေမယ့် မ,ကဝောာ့ သားပိုက်ကောင်လေးလို ခုန်စွခုန်စွလုပ်ကာ အအေးဒဏ်ကို အံတုနေလေသည်။ စေပြုံးလိုက်ရင်း အေးနေတဲ့ မ,ရဲ့လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ကာ အိမ်နှစ်အိမ်ကြားမှာ လွတ်နေတဲ့နေရာကျဉ်းလေးဆီ ခေါ်ဆောင်သွားလိုက်သည်။ ထိုနေရာကျဉ်းလေးဆီရောက်တော့ မ,နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် နေလိုက်ပြီး မ,ရဲ့လက်ကလေးနှစ်ဖက်ကို စေ့လက်ဖဝါးထဲထည့်ကာ ပွတ်သပ်ပေးရင်း အနွေးဓာတ်ပေးမိသည်။
"ဆော်ရီးပါ မ,ရယ်… အရမ်းအေးနေတယ်မလား"
"ဟင့်အင်း နှောင်းက အအေးသာမခံနိုင်တာ အေးတာကို သဘောကျတယ်… ဟီး… ဒါနဲ့ မောင် ဘာပေးမလို့လဲဟင်… စောနကတည်းက ပေးလိုက်တာမဟုတ်ဘူး"
"အင်းးး နှစ်ယောက်တည်းရှိတဲ့အချိန်မှ ပေးမှဖြစ်မှာမို့လို့"
"ဘာလဲဟင်"
သိချင်စိတ်ပြင်းပြစွာဖြင့် မျက်လုံးအရောင်လေးတွေ တောက်လာရင်း မေးနေတဲ့ မ,မျက်နှာလေးကို ငေးကြည့်ရင်း စေ့ရင်တွေခုန်လာကာ ဘာမှမသိရှာတဲ့ ယုန်သူငယ်လေးလို မေးနေတဲ့ မ,ရဲ့ပုံစံကို အသည်းယားလာမိရင်း ဆွဲကိုင်ထားတဲ့ မ,ရဲ့လက်လေးကို ဆွဲကာ ခန္ဓာကိုယ်ချင်းပူးကပ်ပစ်လိုက်သည်။
ရုတ်တရက်လန့်သွားတဲ့ အမူအရာလေးကြောင့် ဟွန်းခနဲတစ်ချက်ရယ်ကာ မ,နှုတ်ခမ်းလေးထက် စေ့နှုတ်ခမ်းတို့ဖွဖွလေးဖိကပ်ကာ နမ်းလိုက်ပြီး မ,ရဲ့မျက်နှာလေးကို အရိပ်အခြေတစ်ချက်ကြည့်တော့ မျက်လုံးလေးပြူးကာ စေ့ကို ကြောင်ကြည့်နေလေသည်။
"နှစ်သစ်မှာ ပထမဆုံးအနမ်းလေး ပေးချင်လို့"
အသက်ရှုဖို့တောင် မေ့သွားလောက်တဲ့အထိ နှောင်းမှာ ရင်ခုန်တာရော ရင်တုန်တာရော ပေါင်းပြီး မိနစ်ဝက်လောက် ဘာစကားမှ မပြောနိုင်သေးပေ။ ပြောပြန်တော့လည်း စကားလုံးတွေက အစီစဉ်မကျစွာထွက်လာတာက တုန်တုန်ရင်ရင်
💕Happy New Year💕
Start from the beginning
