💕Happy New Year💕

Comenzar desde el principio
                                        

မ,ကို ကြည့်လိုက်တော့ ရှက်လို့ထင်ပါတယ် မျက်နှာလေးရဲနေကာ မယားတဲ့လည်ပင်းကို အတင်းတွေ ချောင်းဟန့်နေလေသည်။ မ,ရဲ့ရှက်သွားတဲ့အမူအရာလေးကို စေချစ်မဝဖြစ်ကာ အသည်းယားတာကြောင့် ခေါင်းလေးကို ဖွပွတ်ကာ ခပ်တင်းတင်း ပြန်လည်ပွေ့ဖက်ထားလိုက်ရင်း ဘားအံမြို့ရဲ့မိုးကောင်းကင်ထက်က မီးရှုးမီးပန်းများကို ငေးကြည့်နေလိုက်တော့သည်။

💕💕💕💕💕

📨  မ အိပ်ပြီလား

ညကလည်း စားထားသောက်ထားတာမို့ သွားတိုက်မျက်နှာသစ်ပြီး ကုတင်ပေါ်တက်အိပ်ဖို့ပြင်နေချိန်မှာ ဖုန်းထဲဝင်လာတဲ့ မောင့်ရဲ့Message ကြောင့် ဖုန်းထဲကနာရီကို ကြည့်လိုက်တော့ မနက် ၃နာရီ၄၀မိနစ်။ ညက Happy New Year ဆိုတော့ စားလိုက်သောက်လိုက်နဲ့နေလိုက်တာ မနက် ၃နာရီထိုးခါနီးမှ ဝိုင်းသိမ်းကာ ကိုယ်စီအခန်းထဲဝင်ပြီး အိပ်စက်အနားယူကြပြီဖြစ်သည်။ ဒီအချိန်ထိ မောင်က မအိပ်သေးဘူးလား ဘာလို့စာပို့တာပါလိမ့်ဆိုတဲ့ ဇဝေဇဝါဖြစ်မှုနဲ့အတူ မောင့်ဆီကို ပြန်စာပြန်ပို့လိုက်သည်။

📨 ခုမှ အိပ်မလို့… ဘာလို့လဲ

📨 မအိပ်ချင်သေးရင် ခဏလောက် အပြင်ထွက်ခဲ့ပါလား… မောင် ပေးစရာရှိလို့

မောင့်ရဲ့ပြန်စာကိုဖတ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ကုတင်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်တဲ့ လင်းကို တစ်ချက်ကြည့်လိုက်သည်။ ညက လင်းသောက်တာ တော်တော်များသွားတာမို့ သန့်ရှင်းရေးတောင် မလုပ်နိုင်ဘဲ ကုတင်ပေါ်လှဲလိုက်တာနဲ့ တန်းအိပ်ပျော်သွားသည်။ နှောင်းမှာတော့ ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့ ထိန်းပေးနေတဲ့မောင့်ကြောင့် ဝိုင် ၂ခွက်လောက်သာ သောက်ဖြစ်လိုက်တာမို့ ဒီညတော့ နှောင်း မူးမနေပါ။ လွန်နေတဲ့အတွေးတွေကို ဖြတ်ပြီး လင်းလည်းအိပ်နေတာမို့ မောင့်ဆီကို 

📨 အင်း ထွက်လာခဲ့မယ်

📨 အနွေးထည်ထပ်ဝတ်ခဲ့ဦးနော် အပြင်မှာအေးတယ်

📨 အင်းပါ

စာပြန်ပို့ပြီးတာနဲ့ ဘီဒိုထဲက ဟူဒီတစ်ထည်ကို ယူကာ အပေါ်ကထပ်ဝတ်လိုက်သည်။ အောက်ဆုံးမှာ တီရှပ်အဖြူတစ်ထည် ပြီးတော့ ဆွယ်တာတစ်ထည်အပြင် အခုဟူဒီပါထပ်ဝတ်လိုက်ဝောာ့ နှောင်းပုံစံက လုံးလုံးဖောင်းဖောင်းလေးဖြစ်နေသည်။ ခေါင်းစွပ်ကိုစွတ်လိုက်ပြီး ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်လိုက်ရင်း လက်နှစ်ဖက်ကိုပါ ဘောင်းဘီအိတ်ထဲထည့်ကာ အခန်းထဲကနေ ခြေသံဖွဖွနင်းကာ ထွက်လာခဲ့လိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora