💕Happy New Year💕

Comenzar desde el principio
                                        

"လိပ်ကြီး"

"အဟွန်းဟွန်း… ချစ်တယ်,မ… နောက်နှစ်တွေ နောက်နှစ်တွေကိုလည်း မ,နဲ့အတူ နှစ်သစ်ကို ကြိုကြမယ်နော်… မ,ကို ဒီလိုမျိုး ရင်ခွင်ထဲထည့်ထားပြီးတော့ပေါ့"

"အွန်း"

ရင်ခွင်ထဲကနေ ချစ်စရာကောင်းအောင် ခေါင်းလေးငြိမ့်ပြလာတဲ့ မ,ရဲ့ကြည်လင်နေတဲ့မျက်နှာလေးကို စေ စူးစိုက်ကာကြည့်နေရာမှ နှုတ်ခမ်းခြောက်မှာစိုးလို့ Lip gloss လေးဆိုးထားတဲ့ မ,ရဲ့နှုတ်ခမ်းဖူးဖူးလေးဆီ အကြည့်ရောက်သွားတော့ စေ့ရင်တွေ အဆမတန်ခုန်လာခဲ့သည်။ မော့ကြည့်တဲ့ မ,ရဲ့မျက်နှာလေးထက် စိတ်လှုပ်ရှားစွာ ပါးပြင်လေးပေါ် လက်ဖဝါးဖြင့်ထိကပ်ထားကာ ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က မ,ကိုယ်လေးကို ကျစ်နေအောင် ဖက်ထားလိုက်သည်။

နှောင်းကို တင်းကြပ်စွာပွေ့ဖက်ထားပြီး နှောင်းမျက်နှာနား ငုံ့မိုးကျလာတဲ့ မောင့်ရဲ့မျက်နှာကြောင့် နဂိုကတည်းကအေးနေတဲ့ ခြေဖဝါး လက်ဖဝါးတွေက ပိုမိုအေးစက်တောင့်တင်းသွားပြီး ရင်ခုန်စွာဖြင့် မျက်လုံးစုံမှိတ်လိုက်သည်။

မျက်လုံးစုံမှိတ်ကာ စေ့အင်္ကျီကို အတင်းဆုပ်ကိုင်လာတဲ့လက်သေးသေးလေးကြောင့် စေပြုံးလိုက်ပြီး မ,နှုတ်ခမ်းဖူးလေးဆီသို့ အနမ်းခြွေခါနီး‌ဆဲဆဲ ဟေးးးးခနဲ ထအော်သံကြောင့် စေ့ဦးတည်ရာတွေက ရပ်တန့်ကုန်သည်။ ရင်ခွင်ထဲက မ,ကတော့ ပုခုံးလေးတုန်သွားသည်အထိ လန့်သွားကာ ဘာဖြစ်တာလဲဆိုပြီး နှစ်ယောက်သား အနောက်ကိုလှည့်ကြည့်လိုက်တော့ အားလုံးက မိုးကောင်းကင်ထက် ပစ်ဖောက်နေတဲ့မီးရှုးမီးပန်းများကို ကြည့်၍ အော်ခြင်းဖြစ်သည်။ အော်ဟစ်ပြီးအားပေးချင်စရာကောင်းလောက်အောင် ဒီတစ်ခေါက်ပစ်လွှတ်လိုက်တဲ့ မီးပန်းက အရမ်းကိုလှလွန်းသည်။ မီးပန်းပေါက်ထွက်သွားတာနဲ့ ကောင်းကင်တစ်ခုလုံးလင်းလက်သွားရလောက်တဲ့အထိပင်ဖြစ်သည်။ 

မီးရှုးမီးပန်းတွေကို စေတို့မိသားစုတွေက ကိုယ်တည်းခိုတဲ့နေရာကနေပဲ စားသောက်ရင်း ကြည့်ရှုကြတာဖြစ်လို့ အပြင်လူမပါပေ။ ဒါ့အပြင် စေနဲ့ မ,နဲ့က ရှေ့ဆုံးမှာဖြစ်ကာ ‌နှစ်ယောက်သား ဘေးချင်းယှဉ်ရပ်နေပေမယ့် မ,က သေးသေးလေးဆိုတော့ စေ့က မ,ကို ဖက်ထားတဲ့အခါ မ,က စေ့ရင်ခွင်ထဲမှာဖြစ်နေပြီး နောက်ကကြည့်ရင် မ,ကို မြင်ရမှာမဟုတ်။ ဒါကို အခွင့်အရေးယူပြီး မ,ကို အနမ်းခြွေဖို့ ကြိုးစားကြည့်ပေမယ့် မထင်မှတ်ပဲ ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေကြောင့် မ,မပြောနဲ့ စေတောင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ 

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora