"ဪ ဒါနဲ့ အစ်မနှောင်း... မမမြတ်လည်း ဘားအံကိုသွားတာတဲ့နော်... အဲ့ဒါ အစ်မနှောင်းနဲ့မတွေ့ခဲ့ဘူးလား"
"ဟင်... ဪ... ဪ မတွေ့ဖြစ်ပါဘူး ဧပရယ်ရဲ့... မမမြတ် ဘားအံရောက်နေတာတော့သိပေမယ့် မိသားစုနဲ့အေးဆေး လာအနားယူကြတာဆိုတော့လေ နှောင်းကြောင့် အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့... ပြီးတော့ ဘားအံကလည်း လည်ပတ်စရာတွေအများကြီးပဲဆိုတော့လေ တွေ့ဖို့လည်း လွယ်မှမလွယ်တာ ဟင်းဟင်း"
"ဟုတ်သားပဲနော် ဟီး"
"ဒါနဲ့ ပြောပါဦး နှောင်းလေးက ရည်းစားရနေပေါ့လေ"
"ဟို... ဟို... အင်းးးး"
မျက်နှာလေးရဲကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးညိမ့်ပြလာတဲ့နှောင်းကိုကြည့်ပြီး ရုံးခန်းထဲမှာရှိတဲ့လူတိုင်းက ပြုံးတုံ့တုံ့လေးဖြစ်သွားကြပြီး အစ်မသူဇာကတော့ ဝမ်းသာအားရအသံဖြင့်
"ဝမ်းသာလိုက်တာ နှောင်းလေးရယ်... အစ်မကလေ နှောင်းလေးကို ရည်းစားထားစေချင်တာကြာလှပြီ... ငါ့ညီမလေးက အမြဲအလုပ်ထဲမှာပဲ စိတ်နှစ်ထားလို့ အစ်မတို့က နှောင်းလေးကို ရည်းစားမထားဖြစ်လောက်တော့ဘူးလို့တောင် ထင်နေတာ... အစ်မတို့နဲ့လည်း မိတ်ဆက်ပေးဦးလေ... ကောင်လေးက ဘယ်ကလဲ... ဟို နှောင်းသူငယ်ချင်း Chefလေးလား"
"ဟင့်အင်း မဟုတ်ပါဘူး အစ်မသူဇာရဲ့... သူနဲ့နှောင်းနဲ့က သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေပါ... အစ်မတို့ထင်သလိုမဟုတ်ပါဘူး"
"ဟုတ်လား... မသိပါဘူး နှောင်းတို့နှစ်ယောက်က အရမ်းလိုက်ဖက်နေတော့လေ... အဟင်း ဆော်ရီးနော် နှောင်း"
"ဟုတ် ရပါတယ်"
"ဒါဆိုလည်း ပြောပါဦး... နှောင်းကောင်လေးနဲ့ အစ်မတို့ကို ဘယ်တော့မိတ်ဆက်ပေးမလဲဆိုတာ"
"ဟို... ဟို နှောင်း နောက်တော့ မိတ်ဆက်ပေးပါ့မယ်"
"အဟွန့်ဟွန့် ဟုတ်ပါပြီရှင်... ပျော်ရွှင်ပါစေနော် ညီမလေး"
"ပျော်ရွှင်ပါစေ အစ်မနှောင်း!!!"
အစ်မသူဇာက နှောင်းကို ဆုတောင်းစကားပြောပေးပြီးနောက် ရုံးခန်းတွင်းမှာရှိကြတဲ့ ကလေးတွေကလည်း ပျော်ရွှင်ပါစေဆိုပြီး သံပြိုင်ဆုတောင်းပေးတာကြောင့် နှောင်း မျက်နှာပူပူနဲ့ပဲ ပြုံးပြကာ အသိအမှတ်ပြု ခေါင်းညိမ့်ပြလိုက်သည်။
💕Happy New Year💕
Start from the beginning
