"မ,စားကောင်းတယ်ဆိုတော့ တော်သေးတာပေါ့... နောက်နေ့ကစပြီ မောင်ခုလို Breakfast Box ပြင်ပေးမယ်နော်... မ,အဆာပြေစားလို့ရအောင်"
"ဟင်... အာ့ဆို မောင်ပင်ပန်းမှာပေါ့... နှောင်းက ပေါင်မုန့်တစ်လုံးလောက်စားလိုက်ရင်အဆင်ပြေပါတယ်... မနက်စာလည်း အတူတူစားဦးမယ် နောက်ပြီး မနက်စာမစားခင် အဆာပြေစားဖို့လည်း လုပ်ပေးဦးမယ်ဆိုတော့ နှောင်းတော့ တဖြည်းဖြည်း ဝက်ဖြစ်လာတော့မှာပဲ"
မ,ရဲ့ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ကာ ပြောလိုက်ပြီး
"ဝက်ဖြစ်လည်း ချစ်ဖို့ကောင်းနေဦးမှာက အသေအချာပဲလေ... မ,က ဝက်ပေါက်လေးဖြစ်သွားလည်း မောင်ကချစ်နေဦးမှာ အသေအချာပဲမို့ ဝိတ်လျော့တာတို့ အစားရှောင်တာမျိုးတို့ လုံးဝမလုပ်ရဘူးနော်... ဘယ်လောက်စားစား အစာအာဟာရမျှတအောင်စားပေးရင် ကျန်းမာရေးနဲ့ညီညွတ်တယ်... မောင်က မ,ရဲ့ကျန်းမာရေးကိုလည်း သေချာဂရုစိုက်ပေးမှာမို့ မ,ကတော့ စားချင်တာရှိရင် ထိန်းချုပ်မထားဘဲစားလို့ရတယ်နော်... ပြောမယ့်သာပြောတာပါ မ,က ဘယ်လောက်စားစား ဝိတ်လည်းမတတ်ပါဘူး... GYM သွားဆော့နေကြလား... လေ့ကျင့်ခန်းလုပ်ပြီး ထိန်းတာလား"
"အဲ...အဲ့လိုတော့ မဟုတ်ဘူးမောင်ရဲ့... နှောင်းက လေ့ကျင့်ခန်းတွေမလုပ်နိုင်ဘူး... နောက်မှ မောင့်ကို နှောင်းပြောပြမယ်လေနော်... ခုတော့ ဒီကနေ အမြန်သွားရအောင်... ဒီနားမှာ ကားအကြာကြီးရပ်ထားရင် လူတွေတစ်မျိုးထင်မှာစိုးလို့"
"ကဲ ဒါဆို မောင်တို့ မနက်စာအတူတူစားဖို့အတွက် မ,ဘယ်ဆိုင်သွားချင်လဲ ဘာစားချင်လဲ"
"အင်းးးးး ဒင်းဆမ်းပဲစားကြရအောင်လေ မောင်... Oriental House ပဲ သွားကြတာပေါ့"
"အိုခေ"
မ,ရဲ့သဘောတိုင်း စေကတော့ ကားကို ရပ်ထားရာကနေ Oriental House ဆီ ဦးတည်လိုက်တော့သည်။
💕💕💕💕💕
မောင်နဲ့မနက်စာအတူစားပြီးနောက် ရုံးရောက်ချိန်မှာတော့ ဘားအံကနေဝယ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကို အားလုံးကို ခွဲဝေပေးလိုက်တော့
"လက်ဆောင်အတွက် ကျေးဇူးတင်တယ်နော် နှောင်းရေ"
"ရပါတယ် အစ်မရဲ့"
💕Happy New Year💕
Start from the beginning
