💕Happy New Year💕

Start from the beginning
                                        

Lock & Lock ဗူးလေးကိုဖွင့်ကာ Sandwich တစ်ခုကို ယူလိုက်ပြီး ကြည့်လိုက်တော့ အသားတွေ ဆလပ်ရွက်တွေအပြင် မရောနိ့စ် ချိ့စ် ဂဏန်းအသားချောင်းတွေကိုလည်း တွေ့လိုက်ရတာမို့ နှောင်းသဘောကျသွားကာ မောင့်ကိုကြည့်လိုက်တော့ မောင်က နှောင်းကို ပြုံးပြီးကြည့်နေသည်။

နှောင်းမောင့်ကို ရယ်ပြလိုက်ပြီး လက်ထဲက Sandwich ကို တစ်ကိုက် ကိုက်လိုက်တော့ လျှာပေါ်မှာခံစားမိလိုက်တဲ့အရသာက ဆိုင်တွေက လက်ရာအတိုင်းပင်။ ဒီထက်ပိုပြီး စိတ်ကျေနပ်စရာကောင်းတာက အသားတွေရော ဂဏန်းချောင်းမျှင်လေးတွေပါ အများကြီးပါတာမို့ Meat Lover ဖြစ်တဲ့နှောင်းကတော့ သဘောခွေ့နေတော့သည်။

စေကိုယ်တိုင်ပြင်ဆင်လာသည့် မနက်စာကို မ,က အရသာရှိရှိစားနေပုံကို မြင်ရတာမို့ စေ့မှာ မနက်စောစောထပြီး ပြင်ဆင်ပေးရကျိုးနပ်လေသည်။ မနေ့ညက ရန်ကုန်ကိုပြန်ရောက်ကာ မ,တို့နဲ့အတူ ညစာအတူတူစားပြီး အပြန် လိုအပ်တဲ့ပစ္စည်းတွေဝင်ဝယ်ကာ မနက်ကိုစောစောထပြီး ပြင်ဆင်ခဲ့တာဖြစ်လေသည်။

မ,က အသီးအရွက်ထက် အသားငါးကို ပိုကြိုက်တဲ့သူဆိုတာ မ,ကိုယ်တိုင်လည်းပြောဖူးသလို မ,စားတဲ့အစားအစာတွေကိုကြည့်ပြီးတော့လည်း သိနိုင်သည်။ အထူးသဖြင့် မ,က ခရမ်းချဉ်သီးမကြိုက်ပေ။ ဘယ်တော့မဆို တစ်ခုခုစားလိုက်တိုင်း ခရမ်းချဉ်သီးပါလျှင် ထိုခရမ်းချဉ်သီးတွေကို ဖယ်ပြီးစားလေ့ရှိသည်။ သို့ပေမယ့် ခရမ်းချဉ်သီးဆော့ဖြင့်ပြုလုပ်ထားသည့် Spaghetti ကိုတော့ စားရတာ ကြိုက်တဲ့သူမျိုးပင်။

အခုလည်း ခရမ်းချဉ်သီးမပါပဲ ဆလပ်ရွက်၊ ဂေါ်ဖီကိုသာ ထည့်ထားပြီး အသားနဲ့ဂဏန်းချောင်းကိုတော့ ခပ်များများလေးထည့်ကာ Mayonnaise နဲ့ ချိစ်ကိုလည်း ထည့်ပေးထားဝာာမို့ အရသာရှိမှာက အသေချာပင်ဖြစ်သည်။ နွားနို့စစ်စစ်ကို သေချာကျိုထားပြီး နွေးနေအောင် ဓာတ်ဗူးအသေးလေးထဲ ထည့်ယူလာသည်။ ဒါမှသာ မ,သောက်တဲ့အချိန် နွေးနေမှာလေ။ မ,က ခန္ဓာကိုယ် အေးတတ်တဲ့သူမဟုတ်ပါလား။

"စားလို့ကောင်းတယ် မောင်... မောင့်လက်ရာက လုံးဝ Perfect ပဲ"

စားနေရင်း ကျေနပ်အားရစွာ စေ့ဘက်လှည့်ပြောလာတဲ့ မ,ရဲ့နှုတ်ခမ်းထောင့်မှာ Mayonnaise အနည်းငယ်ပေနေတာကို စေက လက်မလေးနဲ့ဖိသုပ်ပေးရင်း

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now