💕Happy New Year💕

Comenzar desde el principio
                                        

"ဪ"

ကားတံခါးဖွင့်ပေးလိုက်တော့ မ,က ဝင်ထိုင်ပြီးတာနဲ့ စေက နောက်ခန်းတံခါးကို ဖွင့်ကာ လက်ထဲကအထုတ်ကို နောက်ကထိုင်ခုံပေါ်မှာ တင်ထားလိုက်သည်။ ပြီးတော့ မောင်းသူဘက်အခြမ်းကို ပြန်ပတ်လာပြီး ကားပေါ်တက်ကာထိုင်လိုက်ရင်း ဘေးမှာထိုင်နေ‌တဲ့ မ,ရဲ့ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်ဝင်သွားသည်အထိ အားရပါးရနမ်းရှိက်လိုက်သည်။ မ,ကတော့ စေ့ကို ဆူပုတ်ပုတ်နဲ့ကြည့်လာကာ

"မောင်နော်... မိတ်ကပ်တွေပျက်ကုန်တော့မှာပဲ"

"အဟွန့်... မနက်ခင်း Energy အပြည့်ယူထားတာ... မ,လည်း ယူချင်တယ်ဆို ရတယ်နော်... မောင်က အဆင်သင့်ဘဲ"

စေ့စကားကို မ,ကတော့ ထုံးစံအတိုင်း ချစ်ဖို့ကောင်းအောင် နှာခေါင်းလေးကို ရှုံ့ပြလာသည်။ ထိုပုံစံလေးကပင် ချစ်စရာကောင်းလွန်းလှတာမို့ စေ အသံထွက်ပြီးရယ်လိုက်မိသည်အထိပင်။

"ဪ... ဒီမှာ မ,... နွားနို့နဲ့ Sandwich"

"ဟင်"

မောင် ကမ်းပေးလာတဲ့ ဓာတ်ဗူးလေးနဲ့ Lock & Lock ဗူးလေးထဲထည့်လာတဲ့ Sandwich လေးတွေကို ကြည့်ရင်း နှောင်းနားမလည်စွာ မောင့်ကို ကြည့်လိုက်တော့ မောင်က နှောင်းကို အချိုသာဆုံး‌ပြုံးပြကာ

" မ,က နိုးတာနဲ့ဗိုက်ဆာတတ်တဲ့သူမဟုတ်လား... အာ့ကြောင့် မောင်ကိုယ်တိုင်ပြင်လာပေးတာ... မောင်နဲ့အတူစားဖို့စောင့်နေရင်း မ,အဆာလွန်သွားမှာစိုးလို့"

နှောင်းအတွက်ဆိုပြီး ကိုယ်တိုင်ပြင်ဆင်လာပေးတယ်ဆိုတဲ့အသိနဲ့တင် နှောင်းရင်ထဲ ကြည်နူးမှုလေးစီးဆင်းသွားရသည်။

"နှောင်းအတွက် မနက်စာလည်းပြင်ပေးရတယ်... လာလည်းကြိုရတယ်ဆိုတဲ့ မောင်တော့ အစောကြီးတွေထပြီး ပြင်ဆင်နေရတော့ ပင်ပန်းနေတော့မှာပဲ"

"အဟွန့်... မ,အတွက်ဆို ဘယ်တော့မှ မပင်ပန်းဘူး... နည်းနည်းနွေးသွားအောင် နွားနို့ပူပူလေးသောက်လိုက်ဦး... ပြီးရင် မောင့်လက်ရာ Sandwich ကိုလည်း ကောင်းမကောင်း မြည်းကြည့်ပေးဦး"

"အွန်း"

မောင့်ကို ခေါင်းညိမ့်ပြကာ ဓာတ်ဗူးအဖုံးလေးကိုဖွင့်ပြီး နွားနို့ပူပူလေးကို မှုတ်ကာ တစ်ငုံသောက်လိုက်သည်။ အမှန်တကယ်လည်း ရေချိုးထားပြီး အေးနေတာမို့ နွားနို့ပူပူလေး တစ်ငုံသောက်ပြီးချိန်မှာ တစ်ကိုယ်လုံးနွေးထွေးသွားသလို ခံစားလိုက်ရသည်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora