"နင်အဆင်ပြေရင် ငါကဘယ်လိုနေနေ အဆင်ပြေတယ်"
"အိုခေ"
စကားပြောနေတုန်း မောင်က ဖုန်းဆက်လာတာမို့ နှောင်းဖုန်းကိုင်လိုက်တော့ မောင်က နှောင်းတို့တိုက်ခန်းနားမှာ သူရောက်နေပြီဖြစ်ကြောင်း ဖုန်းလှမ်းဆက်တာပင်ဖြစ်သည်။ မောင့်ကို ခဏနေ ဆင်းလာခဲ့မယ်ပြောပြီး ဘာတစ်ခုမှမမေ့ကျန်ခဲ့အောင် ပစ္စည်းတွေစစ်ယူကာ လင်းကိုလည်း
"နင်ပါတစ်ခါတည်းလိုက်ခဲ့ပါလား... ငါတို့လိုက်ပို့ပေးမယ်လေ"
"ရပါတယ်... ငါ့ဘာသာပဲ သွားပါ့မယ်… အတွဲတွေကြားထဲ လိုက်မရှုပ်ချင်ပါဘူး"
"နင်ကလည်း......"
"ဘာမှ နင်ကလည်းလေ ဘာတွေ လုပ်မနေနဲ့... အမြန်ဆင်းတော့... ငါလည်း ခဏနေသွားတော့မှာ... ကဲ သွားပါဆိုဟယ်"
တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတဲ့နှောင်းကို လင်းမှာ နောက်ကျောကနေ တွန်းပေးပါမှ အခန်းပြင်ကိုထွက်ကာ စောင့်နေတဲ့စေ့ဆီသွားတော့သည်။ နှောင်းအဖြစ်ကို သဘောကျစွာ လင်းမှာ ခေါင်းလေးယမ်းပြီး ပြုံးမိသေးသည်။ စိုးရိမ်တတ်ရန်ရော သူငယ်ချင်းရယ်.........
💕💕💕💕💕
ကားနားကိုလျှောက်လာတဲ့ ပန်းနုရောင်ပုံရိပ်လေးကြောင့် စေပြုံးမိပြန်သည်။ အရင်တုန်းက အမြဲ အနေတည်ပြီး အပြုံးအရယ်သိပ်မရှိတဲ့ စေဟာ ခုတော့ဖြင့် ချစ်ရတဲ့ မ,အကြောင်း တွေးမိရုံနဲ့တင် စိတ်ထဲကြည်နူးခြင်းများစွာဖြင့် ပြုံးရယ်တတ်နေခဲ့ပြီဖြစ်သည်။
ဒီနေ့မှာ မ,က ဗီရှိတ်ပုံစံလက်တို ပန်းနုရောင်ဖျော့ဖျော့လေးကို အပေါ်က Cardigan အဖြူလေးထပ်ဝတ်ထားကာ ခြေသလုံးတစ်ဝက်နားလောက်ရှိတဲ့ စကပ်အဖြူအကြပ်လေးနဲ့ တွဲဝတ်ထားတာမို့ ဂျပန်နိုင်ငံမှာ တွေ့ရတတ်တဲ့ ဆာကူရာပန်းလေးတွေလို နူးညံ့လတ်ဆတ်မှုကို ခံစားရလေသည်။
လက်ထဲမှာ အထုတ်တစ်ထုတ်ကိုင်လာတာမြင်လိုက်တာမို့ စေ ကားပေါ်ကဆင်းကာ မ,အနားလျှောက်သွားပြီး မ,လက်ထဲက အထုတ်ကို လက်လွှဲယူလိုက်သည်။
"ဘာတွေလဲ မ,ရဲ့"
"ရုံးကလူတွေအတွက် လက်ဆောင်တွေလေ"
💕Happy New Year💕
Start from the beginning
