💕💕💕💕💕
မနက် ၅နာရီကျော်မှ အိပ်ပျော်သွားမို့ နှောင်းအိပ်ရာနိုးချိန်မှာ နေ့လည် ၁၁နာရီကျော်နေပြီဖြစ်သည်။ မျက်နှာပူပူနဲ့ပဲ အားလုံးကို နှုတ်ဆက်ပြီး ရေမိုးချိုးပြင်ဆင်ကာ ထမင်းစားလိုက်သည်။ ထို့နောက်မှာတော့ သိမ်းစရာရှိတာသိမ်းပြီး ပြန်ဖို့ပြင်ဆင်ကာ ပြန်ဖို့ကားစီးတဲ့အခါတွင်လည်း မောင်က နှောင်းတို့ကားပေါ်မှာပဲ နှောင်းနဲ့အတူစီးမယ်ဆိုလို့ လေးနိုင်နဲ့တီမြိုင်က သဘောထားကြီးစွာ မောင့်မိဘတွေရဲ့ Alphard ကားကို ပြောင်းစီးပေးကြသည်။ မောင်တစ်ယောက်နဲ့လည်း တကယ်ကို ခက်တယ်။ နောက်ဆုံးမှာတော့ လေးနိုင်၊တီမြိုင်၊ မောင့်မိဘနဲ့ မောင့်အစ်မမိသားစုက ကားတစ်စီး။ နှောင်းရယ် မောင်ရယ်၊ လင်း၊ဦး၊ မိုးသောက်က တစ်စီး။ မောင့်သူငယ်ချင်း ကိုကောင်းပြည့်တို့စုံတွဲကတော့ နှစ်ယောက်တည်း သူတို့ကားနဲ့သက်သက် တစ်စီးစီးကာ ရန်ကုန်သို့ပြန်လာခဲ့ကြသည်။
ဘားအံကနေ ရန်ကုန်ကို ညနေဘက်ပြန်ရောက်တာမို့ ကိုယ့်အိမ်ကိုယ့်ရာပြန်ရောက်ပြီဆိုသည့်အသိဖြင့် အိပ်လိုက်တာ မနက်၆နာရီ နှိုးစက်သံမြည်မှ နှောင်းနဲ့လင်းမှာ နိုးတော့သည်။ နှစ်တစ်နှစ်ရဲ့ပထမဆုံး ရုံးတက်ရက်ဖြစ်တာမို့ ဝီရိယအားကောင်းစွာ ရုံးစောစောတက်ဖို့ ပြင်ဆင်နေကြပြီး နှောင်းကတော့ ရုံးကသူတွေကို လက်ဆောင်ပေးဖို့ ဝယ်လာတဲ့ပစ္စည်းလေးတွေကို အိတ်တစ်အိတ်နဲ့သေချာပြန်ထုတ်နေသည်။
"နှောင်းရေ ဒီည ငါတို့ဘာချက်စားကြမလဲ... ငါအပြန်ဈေးဝင်ဝယ်ခဲ့မယ်လေ"
"ငါနဲ့အတူတူသွားဝယ်မယ်လေ... နင်ဒီနေ့ Morning Shift လား"
"ဟုတ်တယ်... ၃နာရီဆို ငါဂျူတီထွက်ပြီ... နင့်ကိုစောင့်နေရင် ကြာမှာစိုးလို့လေ... ငါပဲအရင်ဝယ်ထားမလားလို့"
"ဒါဆို နင်ဂျူတီပြီးရင် အိမ်ပြန်ပြီး အရင်နားနေလိုက်... ညနေငါရုံးဆင်းတာနဲ့ အိမ်ပဲတန်းပြန်လာပြီးမှ ဈေးဝယ်ထွက်တာပေါ့... ဒီနေ့ကတော့ ညစာကို အပြင်မှာပဲစားမယ်လေ"
"နင် ညနေ မဒိတ်တော့ဘူးလား"
"ရပါတယ်... ငါမောင့်ကိုပြောလိုက်မယ်... ဒါဆို Confirm နော်"
💕Happy New Year💕
Start from the beginning
