💕Happy New Year💕

Start from the beginning
                                        

စကားဆုံးတာနဲ့တစ်ပြိုင်နက် နှောင်းရဲ့နှုတ်ခမ်းလေးကို မောင်က ပြွတ်စ်ခနဲ အသံမြည်အောင် တစ်ချက်နမ်းလိုက်ပြီး 

"ချစ်တယ် မ"

နှောင်းကတော့ မောင့်ကို ပြန်မပြောတော့ဘဲ မောင့်ခါးကိုပြန်ဖက်တွယ်ကာ နှစ်သစ်ရဲ့ပထမဆုံးရက်မှာ မောင်နဲ့အတူတူဖြတ်သန်းရတာကို ကြည်နူးရင်ခုန်မိလေသည်။

💕💕💕💕💕

အိပ်ရာထဲမှာ လူးလိမ့်ရင်း မောင့်အနမ်းတွေကို ပြန်တွေးမိတော့ နှောင်းမှာ သဘောကျစွာ ရယ်နေမိသည်။ စိတ်လှုပ်ရှားရင် လုပ်တတ်တဲ့အကျင့်တိုင်း ခြေထောက်တွေကို လှုပ်ရမ်းမိတော့ ‌ဘေးမှာ အိပ်နေတဲ့လင်းက နှောင်းကို အိပ်ချင်မူးတူးအသံဖြင့်

"မအိပ်သေးဘူးလား နှောင်း"

"အိပ်ပြီ အိပ်ပြီလင်း… ဆော်ရီးနော် နှောင်းကြောင့် အိပ်ရေးပျက်သွားပြီ… ပြန်အိပ် ပြန်အိပ်"

လင်းကိုပြောပြီး နှောင်းကတော့ စောင်ကိုရင်ဘတ်ထိ ဆွဲခြုံလိုက်ပြီး ‌လင်းဘက်ကို ကျောပေးကာ လှဲ‌လိုက်သည်။ သို့ပေမယ့် မောင့်အနမ်းတွေကိုတော့ ခေါင်းထဲကနေထုတ်လို့မရသလို နှုတ်ခမ်းထက်က နွေးထွေးမှုတို့ကလည်း မပျောက်သေး။ ဟိုနေ့က ပထမဆုံးနမ်းတာထက် ဒီနေ့မောင်နမ်းတာက ပိုပြီး နှောင်းကို အသက်ရှုကြပ်စေကာ အနမ်းတွေက စွဲမက်စရာကောင်းလှသည်။ ပြန်တွေးလိုက် ရှက်လိုက်နဲ့ နှောင်းမှာ မနက် ၅နာရီကျော်မှ အိပ်ပျော်သွားတော့သည်။ မအိပ်လို့ကလည်းမဖြစ် ဒီနေ့လည် ရန်ကုန်ပြန်ဆင်းမှာဆိုတော့ မအိပ်ထားရင် ကားစီးတဲ့အခါ နှောင်းမူးမှာအသေအချာမို့ မအိပ်ချင်လည်း အိပ်ပျော်အောင် အိပ်လိုက်ရတော့သည်။

နှောင်းကမှ အိပ်ပျော်သွားသေးသည်။ နှောင်းလိုပဲ တစ်ဖက်မှာ နှောင်းချစ်သူဖြစ်တဲ့ စေကလည်း စတွေ့ကတည်းက ရင်ခုန်သံမြန်ခဲ့ရတဲ့ မ,ရဲ့နှုတ်ခမ်းလေးတွေကို ခုလိုပြင်သစ်အနမ်းဆန်ဆန် နမ်းရှိုက်ခဲ့လိုက်ရလို့ ပြန်တွေးတိုင်း ရင်ခုန်သံတွေ မြန်ဆန်နေရသည်။ မနမ်းတတ် နမ်းတတ်ဖြင့် တုံ့ပြန်လာသော မ,ရဲ့နှုတ်ခမ်းလေးတွေကို စေ့မှာစွဲလမ်းနေရပြီး အထိအတွေ့ကအစ ရင်ခုန်ချင်စရာကောင်းလှသည်။ မ,နဲ့အနမ်းတွေ မဖလှယ်ခင်မှာလည်း ထိုနှုတ်ခမ်းဖူးလေးကိုပဲ မြင်ယောင်ပြီး နမ်းချင်စိတ်ကြောင့် အိပ်မပျော်ခဲ့။ ဟော… ခု မ,နဲ့နမ်းရှိုက်ပြီးချိန်မှာကျတော့လည်း စေ့မှာ ပြန်တွေးပြီး ရင်ခုန်မှုကြောင့် အိပ်မရပေ။ ကျွန်တော့်အပေါ် သိပ်ကို စိုးမိုးနိုင်လွန်းတယ် မ,ရယ်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now