ရှောင်းကျန့် အချိန်ပိုင်လုပ်နေတဲ့ဆိုင်လေးသည်
ဘီယာဆိုင်ဆိုပေမဲ့ ဟင်းပွဲတွေလည်းရောင်းသေးတာမို့
ညနေအလုပ်ကအပြန်ဝင်စားသောသူများလည်းရှိသည်။
အများစုကတော့ အရက်သမားများဖြစ်ပြီး
အရက်နဲ့အမြည်းကိုသာအများဆုံးရောင်းရသည်။

"ရှောင်းကျန့်ရေ အဲလိုပြုံးပြုံးလေးနေနော်
အရမ်းချစ်ဖို့ကောင်းတယ် ဟဲဟဲ "

ကောင်တာ နားကိုပြန်ရောက်လာတဲ့ သူ့ကို
အမလုလုက လက်မထောင်ပြရင်း စကားစသည်။သူရောက်လာကာမှ ရောင်းအားပိုတက်လာတဲ့ ဆိုင်လေးကြောင့် ပျော်နေသည်ထင်ပါ့။

ရှောင်းကျန့် အမလုလုကို တစ်ချက်ပြုံးပြလိုက်ပြီး မှာထားတာတွေ လိုက်ချပေးဖို့ ပြန်သွားရသည်။

ဒီနေ့နဲ့ဆို ရှောင်းကျန့် ဒီဆိုင်မှာအလုပ်လုပ်နေတာ
(၁)ပတ်ပြည့်လေပြီ။ အလုပ်စဝင်ဝင်ချင်းတုန်းက
အမလုလုက မသိတာတွေသေချာသင်ပေးပြီး
ပြုံးပြုံးလေးနေဖို့မှာသည် ။ဒါပေမဲ့ ရိပေါ်ကသူက
လွဲပြီးဘယ်သူမှပြုံးမပြနဲ့လို့ မှာခဲ့တာမို့
ရှောင်းကျန်မပြုံးဖြစ်ခဲ့။

ကျောက်ရုပ်ကြီးလိုလုပ်နေတဲ့ သူ့ကို
'ရှောင်းကျန်ရယ် အလိုမျက်နှာသေကြီးတာ့မလုပ်ပါနဲ့
နဲနဲလေးပြုံးပါဉီး ' ဟု အမလုလုက တောင်းတောင်းပန်ပန်နဲ့
ပြောလာကာမှ ရှောင်းကျန့်ပြုံးဖြစ်ခဲ့သည်။
သူပြုံးတိုင်းလည်း အမလုလုက အရမ်းချစ်ဖို့ကောင်းတာဘဲ
ဟုပြောတက်ပြီး ဆိုင်လာတဲ့ဧည့်သည်တွေဆီက
ချစ်စရာလေးဟူသော စကားများလည်းကြားခဲ့ရသည်။
သို့ပေမဲ့ ရှောင်းကျန့်မပျော်ပါ ရိပေါ်ကသူ့ကိုရုပ်ဆိုးတယ်
လို့ပြောထားသည်မလား။

"ညီလေး ဒီဝိုင်းကိုဘီယာသုံးဗူးလောက်
ထပ်ချပေးပါဉီး အေ့ "

"ဟုတ် ရမယ်ဗျ "

အခုအလုပ်လေးက အချိန်ပိုင်းကြေးလဲ
အတော်ရပြီး အဆင်ပြေတယ်ဆိုပေမဲ့ ရှောင်းကျန့်
စိတ်ပျက်တာ ဒီလိုဧည့်သည်မျိုးတွေပင်။
မူးရူးပြီး ရိသဲ့သဲ့အသံနဲ့ညီလေးလို လာခေါ်ရင်
ရှောင်းကျန့်ဒေါသထွက်လွန်းလို့
လက်ထဲကလင်ဗန်းနဲ့ကောက်ထုပစ်ချင်သည်။
သို့ပေမဲ့ အပြင်မှာတော့မျက်နှာထားကိုချိုထားရတာ
လုံးဝကိုအဆင်မပြေ။

My very bad husband  belong to meWhere stories live. Discover now