ခုတော့ တတ်နင်းမိထားတဲ့နွားချေးကိစ္စ ဘယ်လိုဖြေရှင်းရမည် မသိပေ ။

"ကိုကြီးတို့ အမြန်သွားမှဖြစ်မယ်ထင်တယ် ။ကိုကြီးလက်ရုံးတို့ အရီးတို့အမေတို့က မနက်ထဲက ရောက်နေတာ နောက်ကျနေပြီဗျ။"

"မင်းကလဲ တစ်ကိုကြီးထဲ ကိုကြီးနေတော့တာပဲ ။မနက်ခင်းမျက်နှာသစ်ထဲက ကိုကြီးမြန်မြန်လုပ်ဆိုတာပဲ ။ငါ့အခြေအနေလဲကြည့်အုံး ဒီဟာကြီးတွေနဲ့ ဘယ်လိုသွားမလဲ ဖိနပ်တစ်ခုလုံးပေကုန်တာလေ။"

"ကိုကြီးတို့က မနက်အစောမှမထကြတာဗျ ။ကိုကြီးတို့နိုးတော့ ကိုကြီးလက်ရုံးတို့ကိုကြီးနှိုင်းတု
တို့က ရွာဦးကျောင်းတောင်ရောက်နေပြီ ။နှိုးမရလို့သာ ကျွန်တော့်ကို တာ၀န်ပေးခဲ့တာ ။"

"အေးပါကွာ ခုဒီကိစ္စ ဒါကြီးရေဆေးချင်လို့ အိမ်ပြန်ဆေးရမလား ။ဘယ်မှာဆေးရမလဲ "

"ရွာဦးကျောင်း ရောက်ခါနီးပြီ ။ရွာဦးကျောင်းရောက်မှ အုတ်ကန်ထဲကဆေးလိုက်တော့ ကျွန်တော်တို့ရွာဦးကျောင်းက ရေကတော့
စပါယ်ရှယ်ပေါဗျာ ။"

"အေး ဒါဆိုလဲ မြန်မြန်သွားရအောင် ။ဒီအနံ့ကြီး မခံနိုင်တော့ဘူး ။"

"ညီစေ မင်းတော်တော် ‌ကြီးကြီးကျယ်ကျယ်နိုင်တာပဲ ။နွားချီးက အဲ့လောက်နံလို့လား ။"

"ဒါဆို မင်းတတ်နင်းကြည့်လေ။"

ရှည်နေတဲ့ကောင်ကို တတ်နင်းကြည့်ပါပြောတော့ အသံထွက်မလာတော့ ။သဘောက သူကအရူးမဟုတ်ဘူး ၊ဘယ်လိုမှမနင်းနိုင်ပါဘူးပေါ့ ။ဒါကြောင့်ပြောတာ ခံစားဖူးမှသိမယ်တဲ့။

.....

မနက်အာရုဏ်တတ်ချိန်ထဲကထပြီး ဆရာတော်ဘုရားကို ဆွမ်းကပ်ဖို့ ဆွမ်းဟင်းချက်ထားရတာ ဖြစ်သည်။အလှူရံကအစ ပြင်ဆင်ရတာမလို့ အားလုံးထောင့်စေ့အောင်လုပ်ရသည်။မဟုတ်လျှင် ဆွမ်းကပ်ခါနီးမှ လိုအပ်တာတွေရှိလာနိုင်သည်။ထိုအခါမှ ဆရာတော်ဘုရားရှေ့ ဟိုဟာလို၊သည်ဟာလိုတာမျိုးက ပေါ့ဆရာရောက်သည်လေ ။

ဧည့်သည်ကတော့ ရွာထဲကအကြီးအကဲရပ်မိရပ်ဖလေးနဲ့ အမေတို့ခင်မင်မှုနဲ့ ဖိတ်ထားတဲ့ ဆယ်ဂဏန်းပမာဏလောက်သာရှိပေသည် ။ဧည့်သည်‌‌တွေ ကျွေးဖို့မွေးဖို့ရာအတွက်က ရွာဦးကျောင်းက ကပ္ပိယကြီးနဲ့ တိုင်ပင်ပြီး ရွာဦးကျောင်းမှာပဲ ချက်ပြုတ်ကျွေးမွေးကြမှာ ဖြစ်သည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now