9

10.9K 578 1
                                    

မြေနီလမ်းပေါ်မှ တစ်ဆင့် ကတ္တရာလမ်းပေါ် တစ်ဖုံ ကားနှစ်စီးက တရွေ့ရွေ့မဟုတ်သော်လည်း အရှိန်မှန်မှန်ဖြင့်။

နှိုင်းတို့ မနက်အစောထ ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီး ဦးကြီးနှင့် အရီးကို နှုတ်ဆက်ပြီး ထွက်လာလိုက်တာ လမ်းပင်တစ်၀တ်ကျိုးရော့မည်ထင်သည်။ဦးကြီးကတော့ လမ်းခရီးဖြောင့်ဖြူးပါစေလောက်သာပြောပြီး စိတ်ချလက်ချပင်။အရီးကတော့ နှိုင်းကို ရွာပြန်လာဖို့ ပြောသည်မှာ တဖွဖွ။အရီးပေးလိုက်သော လက်ဆောင်များကိုကြည့်ပြီး နှိုင်းမှာ သဘောတကျ။ယာခင်းထဲက ထွက်သည်များကို အကုန်ကားပေါ်တင်ပေးလိုက်သည်လေ။

ဒယ်ဒီနှင့် မာမီက တစ်စီး၊နှိုင်းတို့က တစ်စီးဖြစ်သည်။

ဘေးကကောင်လေးကတော့ လမ်းတစ်လျှောက်လုံး ငြိမ်သက်စွာ ဘာမှလည်းမပြော။‌တစ်ချက်တစ်ချက် သူ့နားထင်တွေကို နှိပ်နေဟန်ကြောင့် နှိုင်းက ကားမူးတတ်လား မေးတော့လည်း မမူးဘူးဟုသာ ဖြေသည်။

"မင်း ခေါင်းနောက်နေလား "

"နဲနဲပါ ..ရတယ် ခင်ဗျား
မောင်းမှာသာမောင်း"

နှိုင်းလည်း ဒီကောင်လေး ဆက်ခေါင်းမာနေမည်ကို သိ၍
ကားလေး လမ်းဘေး ထိုးရပ်လိုက်သည်။

နှိုင်းကားမမူးတတ်၍ ဆေးတော့မဆောင်ထားဖြစ်။လောလောဆယ် ဘာလုပ်ရမှန်းမသိသောကြောင့် ရေပဲတိုက်ရမည်လေ။

"ရော့ ...ဒီမှာ သောက်လိုက်အုံး
ဆေးတော့ မဆောင်ထားမိဘူး"

"အင်း.."

"မသက်သာဘူးလား ..
ငါနှိပ်ပေးမယ် လာ.."

"ရတယ်.."

သူမသက်သာမှန်း သိ၍ နှိပ်ပေးရန်ပြောသည်ကို ခေါင်းမာနေသေးသည်။နှိုင်းလည်း နှိပ်တတ်၍မဟုတ်။
ဒီကောင်လေးပုံစံက လုံး၀ မသက်သာဟန်မို့ နှိုင်း ကြည့်မနေနိုင်။ကားမူးတတ်မှန်းသိလျှင် ဒါဇင်လိုက် ဆောင်ထားပါသည်။

"လာလို့ ခေါင်းမာမနေနဲ့
ငါလဲ နှိပ်တတ်လို့ မဟုတ်ဘူး"

"......."

မတုန်မလှုပ် ပြုမူနေသော ကောင်လေးကြောင့် နှိုင်းကသာ ထိုင်ခုံခါးပတ်လေးဖြုတ် သူ့အနားတိုးကာ နှိပ်ပေးရပြန်သည်။နှိပ်ပေးနေတော့လည်း ဘာမှမပြော။ငြိမ်ခံနေပြန်သည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now