"တီ ... တီ.... တီ... "
.
.
"တီ... တီ.... တီ... "နှိုင်း 'တတီတီ' ထအော်နေသော နှိုးစက်သံကြောင့် မက်နေတဲ့ အိမ်မက်တောင် တောင်စဉ်ရေမရတွေ ဖြစ်ကုန်သည်။နှိုးရန် ရည်ရွယ်ချက်နှင့် နှိုးစက်ပေးထားသည်မှာ မှန်သော်လည်း လာနှိုးလျှင် လုံး၀မကြိုက်။ကိုင်သာပေါက်ပစ်ချင်ပါသည်။မိမိကြိုက်နှစ်သက်လှပါသည် ဆိုသည့် သီချင်းတွေတောင် နှိုးစက် Ringtone ထားလျှင် အမုန်းဆုံးသီချင်းသို့ ကူးပြောင်းသွားသည်ဟု ဆိုကြသည်မှာ အမှန်။အခုဆို တတီတီ မြည်သံကို အတော်မျက်မုန်းကျိုးနေပါပြီ။
နှိုင်းလည်း တတီတီထအော်နေသော အကောင်ကို စမ်းတဝါးဝါးလှမ်းယူကာ ပိတ်လိုက်မှ အော်တာ ရပ်သွားသည်။တကယ် ကျက်သတုံးကောင်။
အလုပ်မရှိစဉ်က နှိုင်းဒီချိန်ဆို အိမ်မက်ကမ္ဘာထဲ လက်ပစ်ကူးတုန်း။ခုက အလုပ်တာ၀န်က ရှိနေသေးသည်မို့ မထချင်လဲ ထရမည်။အိပ်ယာက ထပြီး နိစ္စဒူ၀ လုပ်ငန်းတွေကို တန်းစီအောင် လုပ်ရအုံးမည်။
အတုအယောင်တွေကြား ကျင်လည်ရင်းပေါ့။
မှန်တစ်ချပ်လို သူကောင်းရင် ကိုယ်ကောင်းမယ်၊သူဆိုးရင် ကိုယ်က ပြန်ဆိုးပြလိုက်မယ်။
အသီးရှိတဲ့ အပင် ခဲ နှင့်ပစ်တာ ခံရမှာပဲ။
အသီးမရှိရင် လှဲပစ်တာ ခံရမည်မှာ ဓမ္မတာ။
အဲ့တော့ ပတ်၀န်းကျင်က အတင်းအဖျင်းတွေ ထူး ဂရုစိုက်မနေတော့ပါဘူး။လူတွေက သူတို့ အမြင်မကြည်ဘူးဆို ကိုယ်ဘာလုပ်လုပ် ရွဲ့သည် ထင်ကြမှာပဲ။ခန္တီပါရမီ ပြည့်၀နေသူလည်း မဟုတ်တော့ အရာရာတော့ တရားသဘော မဆန်နိုင်။သွေဖယ်သင့် လျှင် မဆိုင်းမတွ သွေဖယ်ပစ်မည်။အစော်ကားတော့ မခံနိုင်။ဒီမိုကရေစီ ဆိုပြီး လမ်းပေါ် စပါးတတ်လှမ်းနေသည့် သူများနှင့် တွေ့လျှင် အခက်သားလေ။
ပကာသန တွေဆို လုံး၀မကြိုက်တာ မွေးကတည်းက ဗီဇ။အလကား အဆံမပါတဲ့ စပါးနှံ တထောင်ထောင်၊မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ဆိုသလိုပေါ့ ။
ဦးနှောက် မပါရင် နေပါစေ ၊နှလုံးသားတော့ တစ်စုံလုံး အပြည့် ပါပါစေ။နှလုံးသားထက် ဦးနှောက်ကြီးကြတဲ့ သူတွေက ကိုယ့်ဖို့ကိုယ်ပဲ ကြည့်တတ်ကြတာ။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"