26 Part -2 (Zawgyi)

1.8K 37 0
                                    

"လက်ရုံး မနေ့ကစပြီး အလုပ်ဆင်းတယ်ဆို အလုပ်မလုပ်ရရင် မနေနိုင်ဘူးထင်ပါ့ ငါနဲ့များကွာပါ့ကွာ...ဟားးး "

"အဲ့လိုလည်းမဟုတ်ပါဘူး...ကျွန်တော်က
မနေတတ်ရုံပါ "

"ဘာတွေများ ကွာသွားလို့လဲကွာ.."

"ဟုတ်...ဒါနဲ့ ကိုဘလှ မနေ့ကခွင့်ယူတာ ဘာကိစ္စရှိလို့လဲ နေမကောင်းဖြစ်လို့များလား..နေမကောင်းရင်လဲ များများနားလိုက်ပါ.."

"ငါက ဒေါင်ဒေါင်မြည်ပါကွာ...အိမ်က အိမ်သူက မွေးဖွားခါနီးမို့ မနေ့ကချိန်းရက်လေ အဲ့တာဆရာဝန် သွားပြရတယ်လေ..အဲ့တာပါပဲ"

"ဟုတ်လား..ကိုဘလှ ဇနီးမွေးရင် လာလည်ပါအုံးမယ်ဗျာ..ခုတော့ ကျန်းမာတယ်မလား "

"အကုန်အဆင်ပြေပါတယ်ကွာ.. ကျေးဇူးပါပဲ..
မင်းသာ အကူအညီလိုတယ်ဆို ငါ့ကိုပြော..
ငါတတ်နိုင်သလောက်တော့ ကူပါ့မယ်ကွာ..ပြီးတော့ မိုးဇော်လုပ်လိုက်တဲ့ကိစ္စကြောင့် မင်းလည်းတော်တော်လန့်သွားမယ်ထင်တယ် ..စိတ်မကောင်းပါဘူးကွာ ဒီကောင် ဒီလို ချုံကွယ်ရာလက်သီးပုန်းထိုးတတ်လိမ့်မယ်လို့ ထင်မထားမိဘူးကွာ..."

"ဟုတ် ကျွန်တော်အခု အကုန်အဆင်ပြေနေပါပြီ..
ကိုဘလှကိုတော့ ထပ်ပြီးကျေးဇူးတင်ပါတယ်"

"မလိုတာကွာ... ကဲ ငါလဲ ဂိုထောင်ထဲအလုပ်ဆက်လိုက်အုံးမယ်..အော် ဒါနဲ့ ဖိုးထောင်မရှိပါဘူး ဘယ်တွေသွားနေလဲ.."

"ခုချိန်ဆို ကိုမြင့်နိုင်တို့အဖွဲ့နဲ့ အဖွဲ့ကျနေရောပေါ့.."

"အေးကွာ...သွားတော့မယ်"

"ဟုတ်"

ချပ်!

ကိုဘလှ ပြန်ထွက်သွားပြီး တံခါးဖွင့်သံနှင့်အတူ ၀င်လာသော အန္တီခင္ထား...

အန်တီခင်ထားက ဒီကိုဘယ်တုန်းကမှ မလာဖူးတော့ လက်ရုံးအံ့ဩနေမိသည်။

"အော်...အန်တီခင်ထား ဦးမာန်ရှိန်ဆီလာတာလားဗျ ..ဦးမာန်ရှိန်က ချိန်းထားတာ ရှိတယ်ဆိုပြီး ထွက်သွားလိုက်တာ မရှိဘူးဗျ.."

လက်ရုံးလည်း ဦးမာန်ရှိန်ကိုလာရှာသည်မှာ ဖြစ်နိုင်ခြေအရှိဆုံးမို့ မေးလိုက်မိသည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now