32

7.9K 309 2
                                    

"ဟာ...လာကြပြီလား ။ လက်ရုံး ငါ့ညီကတော့ စံပဲ ဒီကောင်အစောထလာတာ ငါမြင်ဖူးသွားပြီပေါ့ကွာ ...မြင်ရခဲတယ်လေ ။မှန်မှန်ပြောစမ်း ငါ့ကောင် လက်ရုံးနှိုးလို့ နိုးတာမလား ဒီချိန်ကြီး.. "

"ရှည်လိုက်တာ.. ။မင်းရော မျက်နှာမြင်ရသေးတယ်နော် ..ငါက မတွေ့ရတော့ဘူးထင်ထားတာ .."

"နှိုင်းတု မင်းကငါ့ဆိုင်လာတာ ငါ့မျက်နှာပဲမြင်ရမှာပေါ့ ..ဘာလဲ မင်းက မင်း ယောင်္ကျားမျက်နှာပဲ မြင်ချင်တာလား ဒါဆိုလည်း ခုထဲကပြန်လိုက်သွား ငါ့ကောင် မတားဘူးနော်.."

အိမ်မှာပဲနေရတာ ပျင်းသည်ပြောနေလို့ ဘာလုပ်ချင်တာလည်းမေးတော့ ကိုသာလွန်ကော်ဖီဆိုင်ကို သွားချင်ပါသည် ပြောလာသည် ။အလုပ်ကအစောပြန်လာပြီး လိုက်ပို့မည်ဆိုတော့ အတတ်လေးက 'မင်းပြန်လာခင် ငါအရမ်းပျင်းနေရင် ဘယ်လိုလုပ်မလဲ ' တဲ့လေ ။ဒါဆို ဘယ်လိုလုပ်ပေးရမလဲဆိုတော့ ကိုသာလွန်ဆီကိုပဲ တစ်နေကုန်နေပြီး အပြန်ကျ၀င်ခေါ်ပါတဲ့ .. ။အတတ်လေးက သူ့အစီအစဉ်နဲ့သူ ဟုတ်နေပါသော်လည်း ကိုယ်ကစိတ်မချ ၊မတတ်နိုင်လို့သာ ‌ခေါ်လာပေးရတာ.. ။ကျွန်တော်နဲ့လည်း ခေါ်သွား၍ဖြစ်တာမဟုတ် ၊အကယ်၍ အန်တီခင်ထားနဲ့များ ပက်ပင်းတိုးခဲ့ရင် ကျွန်တော်က သူများသားသမီးလုယူထားသူဆိုပေမဲ့ ပြန်မပေးနိုင် ။အဲ့တော့ ဘေးကင်းရာကိုပဲ ထားနိုင်မယ် .. ။အမြဲရှောင်တိမ်း၍ မရဘူးဆိုတာကို သိသော်လည်း ခုတော့မဟုတ်... ။

"မင်းတို့ကောင်တွေ အသက်ရှိ၊မရှိ သေချာအောင် လာကြည့်တာ... "

"နှိုင်းတု မင်းကပြောတော့မယ် သာလွန်အကြောင်း မသိတာလဲမဟုတ် မင်းတို့ငမူးကောင်တွေကို ကားမောင်းပြီး အိမ်တိုင်ရာရောက် လိုက်ပို့လာခဲ့တဲ့ကောင်ပါ ... အဲ့လောက်နဲ့ စာမဖွဲ့ဘူးဆိုတာ သိတယ်မလား... "

"တော်တော်လေကြီးတဲ့ကောင်... "

"အေး... လေကြီးတယ် ။မင်းကရော ငါ့ဆီပျင်းလို့လာတာဆို .. ဒီတိုင်းတော့ထိုင်နေလို့ မရဘူး.. မင်းကို စားပွဲထိုးလုပ်ခိုင်းမယ်.. "

"ကိုသာလွန် .. "

"အေး... ငါကစကားအဖြစ်ပြောတာပါ နှိုင်းတုကို ဘာမှမလုပ်ခိုင်းပါဘူး .. ရပြီလား.. "

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now