29

8.4K 349 2
                                    

"တကယ်သွားမလို့လား... "

"အင်း... မသွားစေချင်ဘူးလား"

"အင်း... "

"ဘယ်လိုလုပ်မလဲ ဦးမာန်ရှိန်ကလဲခေါ်နေတာဆိုတော့.. ပြီးတော့ ကျွန်တော်က ယောက္ခမကြီးကိုတွေ့လဲ သူ့သားကိုအပိုင်ယူထားတယ်ဆိုပြီး ကြောက်နေမှာမဟုတ်ဘူး .. ထိုင်တောင်ကန်တော့ခဲ့အုံးမှာ... "

"မင်းတော့ .. ငါတကယ်ပြောနေတာ နောက်မနေနဲ့..မာမီနဲ့တကယ်တွေ့ရင် ဘယ်လိုလုပ်မလဲ.. "

"ကျွန်တော့်ကို စိတ်ချပါ..ဘယ်နှစ်ခါ‌ တွေ့တွေ့ ကျွန်တော်က ခင်ဗျားကိုပေးပါဆိုပြီး တောင်းနေမဲ့ကောင်မလို့ အန်တီခင်ထား မလာရဲလောက်ဘူးထင်တယ်... "

ဦးမာန်ရှိန်က အလုပ်ကိုပုံမှန်လာလုပ်ရန် ပြောသည်မို့ အလုပ်ကိုသွားမည်ကို ဒီလူက စိုးရိမ်နေတာ။အန်တီခင်ထားနှင့် တွေ့မည်ကို ကြောက်နေတာ ။အန်တီခင်ထားက ကိုယ့်ကိုပြောဆိုလိုက်မည်ကို ခုထိစိုးရိမ်နေဆဲပင် ။

ဦးမာန်ရှိန်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို အဆိုးအကောင်းဘာမျှမပြောဘဲ အလုပ်ကို ပုံမှန်တိုင်း လာကြီးကြပ်ဖို့ရာကိုပဲ ပြောသည်။စိတ်ချရသည့်လူယုံဆိုတာလည်း မရှိသည်မို့ ဦးမာန်ရှိန် တစ်ယောက်ထဲ ဒီအလုပ်တွေကို မနိုင်မှန်းလည်း သိနေသည်မို့ ပစ်မထားချင်။ပြီးတော့ မျက်နှာထောက်စရာ ဖိုးထောင်တစ်ယောက်ကလည်း ရှိနေသည်လေ ။ကျွန်တော်နဲ့ ဒီလူ့ကိုလည်း အဆင်ပြေလားမေးပြီး အဆင်ပြေအောင်နေကြဖို့ပဲ ပြောသည်။ တားမြစ်သည့်စကား တစ်ခွန်းတောင် မဆိုသည်က သဘောတူလက်ခံခြင်းပဲ မဟုတ်လား ။ဒီလူနဲ့ပက်သက်ရင် အဆုံးရှုံးခံမှာမဟုတ်သော်လည်း ဦးမာန်ရှိန်ကြောင့် ပိုအားတတ်ရပါသည်။

"ငါ အတည်ပြော‌နေတာကိုနော် မင်း..
ဒယ်ဒီက ခေါ်နေတယ်ဆိုပေမဲ့ ..ဘာမှမပြောဘူးဆိုပေမဲ့ ဖြစ်ပါ့မလား "

"ကျွန်တော့်ကိုမယုံဘူးလား..ဟင် "

"မင်း ..နှာခေါင်းကို ဘာလို့လာဖိနေတာလဲ..
အကောင်းပြောနေတာကို "

"ဘယ်လိုလုပ်မလဲ ..စိုးရိမ်နေတဲ့ရုပ်လေးက ချစ်စရာကောင်းနေလို့.."

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now