part 119

1.8K 211 1
                                    

Unicode

အခန်း (၁၁၉)
သူ တကယ် နာမကျန်း ဖြစ်နေတာလား

စုယန်ယန် ဒီစုံတွဲကို ခွေးဆွဲမှာကို သူ့မျက်လုံးတွေဖြင့် မြင်ရမယ့် အချိန်ကို စောင့်မျှော်နေကြောင်း ဝန်မခံပေမယ့် ဝန်ခံရပေမည်။

ဝမ်းနည်းစရာ ကောင်းတာက သူမရဲ့ အစီအစဉ်တွေက အပြောင်းအလဲတွေကို လိုက်မမီနိုင်ခဲ့ဘူး။ သူမ မနက်စာ စားပြီးတာနဲ့ သူမ ဖုန်းသံမြည်လာသည်။

"ယန်ယန် နင် အခု အားလား"

"အစ်ကိုကျွင်းရှန့်" စုယန်ယန် အနည်းငယ် အံ့အားသင့်သွားသည်။

"ဘာကိစ္စရှိလို့လဲ"

"ဒီမှာ ကိစ္စတချို့ ဖြစ်ပျက်သွားတယ်၊ အဲ့တာက နျဉ်ချီလွေ့နဲ့ သက်ဆိုင်နေတယ်"

"နျဉ်ချီလွေ့လား" စုယန်ယန်သည် တုန်ချမ်း အင်တာတိန်းမန့်မှာ ဒီလူနဲ့ တွေ့ခဲ့မိကာ သူမနှင့် စကားအနည်းငယ် များခဲ့တယ် ဆိုတာကို ပြန်အမှတ်ရ လိုက်သည်။

"သူက ဘာဖြစ်တာလဲ။ သူ ဆေးစစ်ဖို့ သွားခဲ့တာလား"

"ဟုတ်တယ်၊ သူ မနေ့က ဆေးစစ်ဖို့ သွားခဲ့တယ်၊ ဆေးစစ်ချက် ရလဒ်က သူ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတယ်လို့ ဆိုတယ်၊ အဲ့တာက ပြဿနာ အသေးအမွှားလေးတော့ မဟုတ်ဘူး။ ယန်ယန် နင်က တကယ့်ကို တန်ခိုးရှင်ပဲ"

စုယန်ယန်က သူ့ကို နျဉ်ချီလွေ့ရဲ့ အထောက်အထား အစစ်အမှန်ကို သတိပေးပြီးနောက် ရှားကျွင်းရှန့်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

ရက်အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေပြီးနောက် နျဉ်ချီလွေ့ကို ဆေးစစ်ရန် မတိုက်တွန်းပဲ မနေနိုင်တော့ပေ။

မထင်မှတ်ပဲ တစ်စုံတစ်ယောက်က သူ့ထက် ခြေတစ်လှမ်း ပိုစောသွားသည်။

ထိုနေ့ရက်ပြီးနေက် နျဉ်ချီလွေ့ရဲ့ ကိုယ်စားလှယ်ကလည်း စိုးရိမ်ခဲ့မိသည်။ အဆုံး၌ သူသည် အဆိုးဝါးဆုံး ကိစ္စများ ဖြစ်နိုင်ချေ သိပ်မရှိဘူးလို့ ယုံကြည်ရအောင် သူက နျဉ်ချီလွေ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် သူ့ကို ဆေးရုံသို့ ပြတ်ပြတ်သားသား ဆွဲခေါ်သွားခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now