part53

3.1K 346 1
                                    

unicode
အခန်း(၅၃) - အမျိုးသမီး အသုံးပြုသူအကောင့်များ အမှန်ပင်ဖြစ်သည်

စုယန်ယန်သည် သူမအတွေးထဲဝယ် လိင်ပိုင်းဆိုင်ရာ အတွေးတစ်ခု ပေါ်လာသည့်အခါတွင် ရှက်ပြုံးလေးပြုံးကာ စကားဆိုလိုက်သည်။ “အကယ်၍ လူအများစုက ဒါကို မလိုအပ်ဘူးဆိုရင် လိုအပ်တဲ့လူတွေအတွက် ဒါကို ထားခဲ့လို့ရပါတယ်။ အခုတော့ ကံစမ်းမဲဖောက်ကြရ‌အောင်။ ရေနဂါးကျောရိုးစွပ်ပြုတ်နဲ့ နှင်းဆီယိမူချောင်လက်ဖက်ရည်အတွက် ကံထူးရှင် သုံးဦးစီ ရွေးချယ်သွားမှာဖြစ်ပြီး ပန်းပွင့်ပန်းပုရုပ်သွင်အတွက် ကံထူးရှင် တစ်ဦး ‌ရွေးချယ်သွားပါမယ်။”

ဆုတစ်ခုချင်းစီအတွက် ကံစမ်းမဲကို သီးခြား မဲဖောက်ပေးသွားပါ့မယ်။ ပထမဆုံး မဲဖောက်ပေးမှာကတော့ နှင်းဆီယိမူချောင်လက်ဖက်ရည်ဖြစ်ပြီး နောက်တစ်ခုက ပန်းပွင့်ရုပ်ထွင်းဖြစ်ပါတယ်။‌ ရေနဂါးကျောရိုးစွပ်ပြုတ်ကို နောက်ဆုံးမဲဖောက်ပေးသွားပါ့မယ်။”

ပထမဆုံး မဲဖောက်ပေးလိုက်သည့် အစီအစဉ်နှစ်ခုသည် ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီး ကံထူးရှင်တွေက မနာလိုသူတွေရဲ့ နှုတ်ဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များတွင် တစ်ဦး သို့မဟုတ် နှစ်ဦးလောက်က ကြွားလုံးထုတ်ခဲ့ပြီး ထုံးစံအတိုင်း ဝန်းရံချေမှုန်းခြင်းခံလိုက်ရသည်။

နောက်ဆုံးမဲဖောက်သည့်အချိန်တွင် မဲပေါက်သည့် ကံထူးရှင်သုံးဦးထဲမှ ရင်းနှီးနေသော ကြည့်ရှုသူ အမည်နှစ်ခုကို တွေ့လိုက်ရသည်။

“ရေနဂါးကျောရိုးစွပ်ပြုတ်ကို ကံထူးသွားသည့်အတွက် (စကြာဝဠာတစ်ခုလုံးမှာအချောဆုံးကောင်လေး) အမည်ရှိ ကြည့်ရှုသူကို ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး သင့်မေးလ်ကို စစ်ဆေးဖို့ သတိရပါ”

ကြည့်ရှုသူအမည်နှစ်ခုကို ဖတ်ရှုပြီးနောက် စုယန်ယန်သည် ဒီနာမည်နှစ်ခုကို အနည်းငယ် ရင်းနှီးနေသလို ခံစားရပြီး သူမ ပြန်လည်မှတ်မိလာစေရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

ဟမ့်... ဒီလူနှစ်ယောက်က ခုနတုန်းက လူတွေ မဟုတ်ဘူးလား။

ဒါကို စုယန်ယန်တစ်ယောက်တည်း အမှတ်ရခဲ့တာ မဟုတ်ဘူး။ အမြင်စူးရှတဲ့ ကြည့်ရှုသူများကလည်း ဒါကို သတိထားမိခဲ့ကြသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးOù les histoires vivent. Découvrez maintenant