part45

3.5K 375 1
                                    

unicode

အခန်း(၄၅) - ပန်းလေးတစ်ပွင့် ထွင်းထုကြစို့

စက္ကန့်အနည်းငယ်ကြာပြီးနောက် လူတိုင်း ပြန်လည်အသိဝင်လာပြီး ဖန်သားပြင်ပေါ်တွင် မှတ်ချက်များ ပလူပျံဝဲလာခဲ့သည်။

[ဒီတင်ဆက်သူက အံ့အားသင့်စရာပဲ။ သူမရဲ့ ဓားကိုင်စွမ်းရည်က အရမ်းမိုက်ပြီး ခဏလေးအတွင်း သူမ လှီးဖြတ်ပြီးစီးသွားတယ်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမက သမ္ဘာရင့်ချက်ပြုတ်သူတစ်ယောက်လို့ ငါ ပြောနိုင်တယ်။]

[ငါ့လိုမျိုး သခွားသီးကို လှီးဖြတ်တဲ့အခါမှာတောင် အမြဲတမ်း လက်ကို ဓားရှတတ်တဲ့သူတစ်ယောက်က ဒီလိုမိုက်တဲ့စွမ်းရည်မျိုးကို သင်ယူလို့ ရနိုင်မလား။ ငါ တင်ဆက်သူကို လေးစားပါတယ်။]

[အပေါ်ထပ်က တစ်ယောက်ရေ ငါ မင်းကို အနိုင်ကျင့်ချင်တာမျိုးတော့ မဟုတ်ဘူး။ မင်းရဲ့လက်စလက်နနဲ့ဆိုရင် မင်း တင်ဆက်သူရဲ့ ဓားကိုင်စွမ်းရည်ကို မလေ့ကျင့်ရသေးခင်မှာ မင်းရဲ့လက်တွေကို ဖြတ်ပြီးသားဖြစ်နေမှာကို ငါစိုးရွံ့တယ်။]

[မင်း အရမ်းရက်စက်တာပဲ။]

စုယန်ယန်သည် ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို ကြည့်ရင်း ရုတ်တရတ် အရင်က ဓားစွမ်းရည်တွေ ပေါ်ထွက်ခဲ့ဖူးကြောင်း အမှတ်ရသွားသည်။

ဒီအချိန်ကာလအတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာကြောင့် သူမအနေဖြင့် ဒီအကြောင်းကို ကြိုတင်စဉ်းစားထားခြင်း မရှိခဲ့ဘူး။ စွပ်ပြုတ် အဆင်သင့်ဖြစ်ရန် အချိန်အနည်းငယ်လောက်‌ စောင့်ဆိုင်းရမည်ဖြစ်သည့်အတွက် သူမ ဘာလို့ မလုပ်ရမှာလဲ...

“ဒီစွပ်ပြုတ်က အရသာပိုကောင်းဖို့အတွက် ခဏလောက် အချိန်ပေးပြီး တည်ထားရမှာ ဖြစ်သည့်အတွက် စောင့်ရတာ ငြီးငွေ့လာပါလိမ့်မယ်။ ဒါဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့ကြည့်ဖို့အတွက် ပန်းလေးတွေ ထွင်းထုပြပါရစေ၊ ခဏလောက်ကြာရင်တော့ ကျွန်မတို့ နောက်ထပ်ဟင်းလျာချက်ပြုတ်ကြတာပေါ့။”

လူတိုင်း စိတ်ရှုပ်သွားကြသည်။ ပန်းတွေ ထွင်းထုမှာလား။ သူတို့ ဘာကြားလိုက်ရတာလဲ။ သူတို့ကို ပြသဖို့ သူမက ပန်းတွေ ထွင်းထုပေးမှာလား။ သူမက ပန်းတွေ ထွင်းထုတာကို ပေါ့ပါးရိုးရှင်းတဲ့ အလုပ်တစ်ခုလို ပြောလိုက်တာကို ဘာလို့ ကြားနေရတာလဲ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now