part 34

3.8K 408 2
                                    

unicode

အခန်း(၃၄) - ငါ့စွပ်ပြုတ်ကို လက်လွှတ်စမ်း

နျဉ်သည် Aတက္ကသိုလ်၏ အနုပညာနှင့် ဒီဇိုင်းဌာနတွင် ပုံဆွဲခြင်းနှင့် ပန်းချီပညာကို အထူးပြု သင်ကြားနေသည့် တတိယနှစ် ကျောင်းသူတစ်ဦးဖြစ်သည်။ တတိယနှစ်သို့ ရောက်နေပေမယ့်လည်း သင်တန်းတွေ အများကြီး တက်ရောက်ဖို့ ကျန်ရှိနေပါသေးသည်။

ဒါပေမယ့် မနက်ကိုးနာရီမှာ စာသင်ခန်းထဲကို ရောက်နေရမယ်။

သို့သော် သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေပါသည်။ သူမ၏ မျက်လုံးများသည် အသက်မဲ့နေပြီး အချိန်မရွေး သေသွားတော့မယ့်ပုံပေါ်နေသည်။

ရုတ်တရတ် တံခါးခေါက်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရာ ရှောင်နျဉ်၏ ပျံ့လွင့်နေတဲ့ စိတ်အာရုံတွေကို ပြန်လည်ရရှိလာခဲ့သည်။

ရှောင်နျဉ်သည် မျက်မှောင်ကြုတ်ပြီး တံခါးဖွင့်ဖို့ ချက်ချင်း မထခဲ့ပေ။ ခဏအကြာတွင် တံခါးခေါက်သံ ပျောက်ကွယ်သွားသည်။

တံခါးအပြင်ဖက်မှလူ ထွက်သွားပြီလို့ ရှောင်နျဉ်က တွေးလိုက်ချိန်မှာ တံခါးခေါက်သံကို ပြန်ကြားရပြန်သည်။

ရှောင်နျဉ်၏ မျက်နှာအမူအရာက မည်းမှောင်သွားသည်။ သူမရဲ့ နာကျင်နေသာဗိုက်ကို အုပ်ကိုင်ကာ ဒေါသတကြီး ထွက်သွားခဲ့သည်။

အိပ်ဆောင်တံခါးကို ဖွင့်လိုက်တာနဲ့ တံခါးဝမှာ ပစ္စည်းပို့ဆောင်သူ ဝန်ထမ်းတစ်ယောက်ကို တွေ့လိုက်ရပြီး “မင်းက မစ်ရှနျဉ်ရှီမလား။ မင်းရဲ့ အထူးအစားအစာကို လာပို့တာပါ။” ဟု ရိုးရှင်းစွာ ပြောသံကို ကြားလိုက်ရသည်။

“ကျွန်မ အစားအသောက် မှာထားတာမျိုး မရှိပါဘူး...” ရှောင်နျဉ်သည် လွန်ခဲ့သော ဆယ်မိနစ်က ကြည့်ရှုနေသည့် တိုက်ရိုက်ထုတ်လွှင့်၏ ကံစမ်းမဲပေါက်ခြင်းမှ အစားအသောက် ပေးပို့လိုက်တာကို ပြန်လည်အမှတ်ရသွားပြီးနောက် သူမ ပြောလက်စ စကားကို ရပ်တန့်လိုက်သည်။

ရှောင်နျဉ်သည် အစားအသောက်ပါဆယ်ကို အထဲသို့ ယူသွားပြီး ပါဆယ်အထုပ်ကို ဖွင့်ရန်ပင် မစောင့်နိုင်တော့ပေ။ အစောပိုင်းက မြင်ခဲ့ရတဲ့ စွပ်ပြုတ်ချိုလေးကို ကြည့်လိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now