part 85

2.7K 305 3
                                    

Unicode

အခန်း (၈၅) - တစ်ယောက်တည်း ကျန်ခဲ့သည့် “အမျိုးသမီးဇာတ်လိုက်”

ဟောက်ရှောက်ဖုန်းအား ကျေနပ်စရာ ကောင်းအောင် ရိုက်နှက်ပြီးနောက် စုယန်ယန်သည် သူမ ဘဝနှစ်ခုလုံး စုပြုံနေ‌သော နာကြည်းမှု အချို့ကို ပြေလျော့သွား‌အောင် စွမ်း‌ဆောင်နိုင်သဖြင့် စိတ်အခြေအနေ ပိုကောင်းလာသည်။

သူမသည် သက်ပြင်းမောလေး ချကာ အနည်းငယ် ကြေမွသွားသော သူမ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး ချက်ချင်းပင် ကြမ်းတမ်းသော ကျားမတစ်ကောင် အသွင်မှ ချစ်စရာကောင်းသည့် အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ဒီလိုချစ်စရာ ကောင်းသည့် ကောင်မလေးရဲ့ နှုတ်ကနေ ထွက်လာတဲ့ စကားလုံးတွေထဲမှာတော့ ဒေါသအငွေ့အသက် ယှက်သန်းနေတုန်းပါပဲ။ “နင် နောင်အနာဂတ်မှာ ချန်ဟွမ်းနဲ့ ငါ့ကို တွေ့တဲ့အခါ ဦးလေးနဲ့ အန်တီလေးအဖြစ် ရိုရိုသေသေ ဆက်ဆံဖို့ မမေ့လိုက်နဲ့၊ ဒါမှမဟုတ်ရင် ငါလည်း နင်နဲ့ တွေ့တဲ့အချိန်တိုင်း ဒုက္ခိတဖြစ်ရတဲ့ ဝေဒနာမျိုးကို ခံစားခိုင်းရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် စုယန်ယန်သည် ဟောက်ရှောက်ဖုန်းကို အကြည့်တစ်ချက်မှ မစွန့်ကြဲတော့ပဲ ဒေါက်ဖိနပ်သံ တညံညံပေးကာ ထွက်သွားခဲ့သည်။

သူမထွက်သွားပြီးနောက် ခဏအကြာတွင် ယုကျစ်ယန်သည် သူ ရပ်နေသည့် ထောင့်ကနေ ထွက်လာခဲ့သည်။

သူက အသက်ရှင်ရုံမျှသာ ဖြစ်နေသာ ဟောက်ရှောက်ဖုန်းကို ကြည့်ကာ “အဲ့တာ မင်းနဲ့ ထိုက်တန်တာပဲ” လို့ ကျိန်ဆဲလိုက်သည်။

စုယန်ယန်သည် အခြားနေရာသို့ လှည့်ပတ် မသွားတော့ပဲ အိမ်မွေးတိရစ္ဆာန်ဆိုင်သို့ တန်းသွားခဲ့သည်။

ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည်နှင့် စုယန်ယန်၏ မငြိမ်မသက် ဖြစ်နေသော နှလုံးသားသည် နောက်ဆုံး၌ လုံးဝ ငြိမ်သက်သွားကာ သူမ မျက်နှာပေါ်ရှိ အပြုံးဟာ ပိုမို သဘာဝကျလာသည်။

“ရှင် စောင့်ရတာ ကြာသွားလား။ ကျွန်မဗိုက်က ရုတ်တရက် နေလို့ထိုင်လို့ အဆင်မပြေ ဖြစ်သွားတော့ အဲ့ဒီမှာ အချိန်နည်းနည်း ကြာသွားတယ်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now