မြင်မြင်ရာ တွေ့တွေ့ရာတွေက အမှတ်ချည်းပဲမို့ အရူးတစ်ပိုင်းဖြစ်ရသည်ထက်ပို...
"မောင်ဘယ်လိုလုပ်ရမလဲ hyungရာ..."
နံရံလေးသာခြားနေတာမို့ မှားလေပြီလို့အကြိမ်ကြိမ်နာတတစ်လှေကြီးနဲ့.....
"မောင့်ကိုမုန်းနေမယ်ထင်ခဲ့တာလေ..."
သူကိုင်တိုယ်လည်း ငိုနေခဲ့တာပဲ လွှတ်ပေးနိုင်ရင် ချစ်ရသူကပျော်နေမယ်ထင်ခဲ့တာ အတွက်မှားသွားခဲ့တာ။
မောင့်အချစ်ဆုံးက မောင်ချစ်တာထက်တောင် ပိုချစ်နိုင်တာ မောင်မသိခဲ့ဘူး....
မောင့်တော့အကြီးကြိိီးမှားသွားခဲ့ပြီ....
(လွင့်ချင်ရာလွင့်ပြီး လုပ်ချင်ရာလုပ်နေခဲ့တာမို့ ကြာသွားခဲ့ရင် မီယမ်းနယ် ယောရော်ဘွန်း🙇♀️🙇♀️🙇♀️)
မနက်ခင်းနေမင်းက ဒီနေ့မှလွမ်းဆွေးဖွယ် ကဗျာတစ်ပုဒ်လိုပဲ....
နက်ဆွေးဆွေးအခန်းကြီးဟာလည်း တိတ်ဆိတ်ခြင်းအပြည့်နဲ့ အေးစက်လွန်းတဲ့ ဆောင်းရာသီ....
"မောင်...မောင်...မောင်ဘယ်မှာလဲ...."
မြူတွေကြားထဲမှာ တရေ့ရေ့နဲ့ပျောက်ကွယ်သွားတဲ့မောင်ဟာ ဘာလို့များ ကျွန်တော်ရဲ့ဝေးရာကို ပြေးနေတာလဲ....
အမှောင်ထုထဲလိုက်ရှာရင်း
"အား..."ဆိုတဲ့ အသံကြားရာလှည့်ကြည့်မိတော့...
ကလေးတစ်ယောက်ရဲ့နာကျည်းစွာ အော်နေတဲ့အသံ မျက်ရည်တွေရော သွေးတွေပါရွှဲစိုနေတဲ့ ကလေးလေး....
မီးတောက်ထဲက ကားတစ်စီးနဲ့အတူ လူကြီးနှစ်ယောက်ဟာလည်း သွေးပုံထဲနစ်လို့ပေါ့..
ကလေးလေးရဲ့မိဘတွေထင်တယ်...
"သနားပါတယ် ကလေးရယ်...."
အဲ့ဒီရဲ့အလှမ်းမကမ်းမှာ ရပ်ကြည့်နေတဲ့မောင့်ကို လှမ်းခေါ်ဖို့ရှေ့တိုးသွားတော့ အမြင်မှားတာလား တကယ်လားမသဲကွဲတဲ့မြင်ကွင်း....
မောင်ငိုနေတဲ့ မောင်ကအဲ့ဒီကလေးလေးကိုကြည့်ရင်း တကယ်ပဲမျက်ရည်တွေကျနေခဲ့တယ်....
အနားနားကိုအပြေးအလွှားတိုးသွားလိုက်တိုင်း မောင်နဲ့ဝေးဝေးသွားတယ် မောင်ရပ်နေပါလျက်နဲ့ ရှေ့တိုးသွားတိုင်းမှာ ဘာလ်ို့ဝေးနေရတာလဲ...
