"ကိုယ့်ကြောင့်လားမောင်ရယ်...."
စာဖွင့်လိုက်တာနဲ့ မောင့်လက်ရေး မောင်ကိုယ်တိုင်သီကုံးထားတဲ့ စာလုံးတွေဟာ နှလုံးသားထိရိုက်ခတ်လေတော့ နာရပြန်ပါရောလား....
'Hyungမောင့်ကို မုန်းနေတယ်မို့လား...
မောင်လုပ်ခဲ့တဲ့အမှားကြောင့် Hyungမုန်းနိုင်ပါတယ်...မောင့်မှာလည်းအကြောင်းပြချက်တွေရှိပါတယ်...မောင်အတိတ်ကိုပြန်မသွားချင်တော့ ပြန်မပြောချင်တော့ဘူး Hyung...
မောင့်ကိုမမုန်းပါနဲ့ မမေ့ပါနဲ့လို့ မောင်မတောင်းဆိုပါဘူး....
မောင့်ကိုရှောင်နေတာလည်း မောင်သိပါတယ် Hyungပင်ပန်းမှာစိုးလို့ မောင်ထွက်သွားပေးတာပါ
ပျော်ပျော်ရွှင်ရွှင်နေပါ မောင့်အချစ်ဆုံး...'တဲ့...
"လူကိုထားခဲ့ပြီး ဘာကိုပျော်ပျော်ရွှင်ရွှင်လဲ!!!!..."
မျက်ရည်တွေဟာ တာကျိုးသလိုဒလဟော လူကိုထားခဲ့ပြီဘယ်လိုတောင်ပျော်ပျော်နေခိုင်းရတာလဲ စိတ်မနှံ့ဘူးလား မောင်ရာ...
အောဟစ်ငိုယိုသံတွေဟာ Jeon jungkookပိုင် အိမ်ကြီးထဲကျယ်ကျယ်လောင်လောင်...
ဘယ်သူမှကိုမသိနိုင်အောင် တိတ်တိတ်လေးဆိုမှ တိတ်တိတ်လေးပါပဲ သူထွက်သွားခဲ့တာ...
လူယုံဖြစ်တဲ့ yoongiနဲ့taehyungတောင် အူကြောင်ကြောင်ရယ်...
"မောင်တောင်းပန်ပါတယ် Hyungရယ်...."ဆိုတဲ့ အသံငယ်ဟာ ဒီအခန်း၊ဒီအိမ် ၊ဒီနံရံ ၊ဒီရပ်ဝန်းမှာပဲ့တင်ထပ်လို့ အကြိမ်ကြိမ်...။
မောင်ကိုယ့်ကိုနားမလည်ခဲ့တာဘဲ ခွင့်လွှတ်ပေးဖို့ နားလည်ပေးဖို့ အတိတ်ကအရာအားလုံးကိုလွှတ်ချပြီး အနာဂတ်မှာမောင်နဲ့အတူရှင်သန်ဖို့ ကိုယ်ဆုံးဖြတ်ပြီးပြီမောင့်ရဲ့...
ကိုယ့်ကိုတစ်ခွန်းတစ်ပဒတောင်မမေးပါဘဲ မောင့်အထင်၊မောင့်အမြင်နဲ့ မောင်ထွက်သွားတယ် မောင်တုံးအလိုက်တာ...
"အရူးကောင် Jeon jungkook..."
အရူးလိုပဲ နေ့တွေညတွေကို မျက်ရည်တွေနဲ့ဖြတ်သန်း မစားနိုင်မသောက်နဲ့အိပ်ရာထဲအခါခါလွမ်း...
