"မင်း ကိုယ်မင်း သေချာရဲ့လားမေးတာ"

"သေချာတယ် ထင်တာပဲ"

"အာကာ...မင့်ဂျီးတော်...ထင်တာပဲ မလုပ်နဲ့...ဒါမျိုးက ကိုယ့်ဘက်က သေချာမှ ဇာတ်လမ်းစရမဲ့ ကိစ္စတွေ"

"ဟုတ်တယ် မင်း Double Confirm လုပ်သင့်တယ် ကာကြီး"

"ဘယ်လို လုပ်ရမလဲ"

"မင်း ကောင်မလေးတွေနဲ့ date ကြည့်ပါလား"

"မအားရတဲ့ကြားထဲ ဘယ်ကသွားရှာရမလဲ"

"ဟ...dating app သုံးပေါ့ကွ...လူတိုင်း ဒီလိုပဲလုပ်နေတာပဲ...ဝဇီတောင် dating app ကနေ ပြတ်လိုက်တွဲလိုက်နဲ့ ဘယ်နှယောက် ရှိနေပြီလဲ"

"ငါ့မှာ Tinder ရော Swipe ရော app နှစ်ခုလုံး uninstall လုပ်လိုက်ပြီ တစ်ခုမှမစွံလို့"

အာကာက ပြောတော့ ဝဇီက ခေါင်းခါသည်...

"အခု ငါသုံးနေတဲ့ဟာလေး မိုက်တယ်... Coffee Meets Bagel တဲ့ "

"ကောင်းလား"

"မဆိုးဘူး successful ဖြစ်သွားတဲ့ အတွဲတွေလဲရှိတယ်"

"အေး အာကာ မင်း အဲ့ဒီကနေ date ကြည့်လိုက် တကယ်ကြိုက်တာတွေ့ပြီး စိတ်တွေဘာတွေလဲ ပြောင်းချင်ပြောင်းသွားမှာပေါ့"

"ဟင်...ငါက စိတ်မပြောင်းချင်ဘူးလေ... ပိုပြီးသေချာချင်လို့သာ"

"သောက်ကျိုးနည်းဟ"

ဝဇီတို့ အကြံပေးချက်အရ အာကာ dating app သုံးကြည့်ပြီး ကိုယ့်စိတ်ကို သေချာဆန်းစစ်ရန် ဆုံးဖြတ်လိုက်သည်...

...........................................................................

ဒီနေ့ အာကာ ကုမ္ပဏီကစောစောပြန်ရောက်လာသည်...

"ဟယ် ငါ့သားလေး ပြန်လာပြီ... အတော်ပဲ အားတုန်းလေး မင်းမမဟေမာကို ကားမောင်းကူကျင့်ပေးလိုက်ပါလား... ခုထိကိုသူ့မှာ ကြောက်လို့မပြီးဘူး... နေ့လည်က အမေ ဟိုနားဒီနား သွားချင်တာ သူမမောင်းရဲတာနဲ့ မသွားရဘူးဟယ်...နန္ဒာကလည်း သင်တန်းသွားနေတာ"

"ဟာ...အမေ့... သား တိရစ္ဆာန်ရုံပဲ သွားလိုက်မယ်လေ"

"ဟဲ့...ဘာလို့လဲ"

"ကျားဖင်ပဲ သွားနှိုက်လိုက်ချင်လို့"

"ဟယ် ဒီကောင်လေးကတော့လေ"

Match Made In Clouds Waar verhalen tot leven komen. Ontdek het nu