"မောင့်ရဲ့ ပထမဆုံးကံကောင်းမှုလေး မောင်ပြန်ပျော်ရွှင်ရပြီ သမီးရယ် လွန်းရယ် မောင်ရယ်။ မောင်အနွေးဓာတ်ကိုခံစားမိပြီ မောင်တို့ကမိသားစုတွေလိုမျိုး ဟင့် မောင်ပျော်တယ်"
"ပါးပါးမငိုပါနဲ့လို့"
"မောင်ရယ်"
ငိုကြွေးနေတဲ့သူ့ကိုသမီးရော လွန်းရောကဖက်ထားသည်။ မောင်တော့ ပိုတိုးဝင်လာချင်မိပြီကွယ်...
"မောင့်ကိုငါရွေးမှာမို့ မောင်ကမငိုပါနဲ့တော့နော်"
"ကျေးဇူးတင်ပါတယ်လွန်းရယ်.."
"မငိုနဲ့ဆိုကွာ"
"မောင် ပျော်လို့ ဟင့် ရွှတ်"
နှာခေါင်းတစ်ရှုံရှုံနဲ့သူ့ကိုလွန်းကဖွဖွလေးအနမ်းပေးသည်။
မောင်သေပျော်ပြီ...
"သီချင်းဆိုပြ အငိုသန်လေး မောင်က ကလေးလားပြော"
"အင်းဆိုပြမှာပေါ့ မောင့်ချစ်ဆုံးနှစ်ယောက်ရဲ့"
ကုတင်ပေါ်ကထကာ အခန်းပြင်ထွက်သွားတော့ သားအဖနှစ်ယောက်လုံးငြိမ်ငြိမ်လေးလိုက်ကြည့်နေကြသည်။ စာကြည့်ခန်းထဲသိမ်းထားတဲ့ ဂစ်တာအိတ်ကိုလွယ်ကာ သူပြန်ဝင်လာတော့ စောင်ကိုယ်တစ်ပိုင်းခြုံကာ ငုတ်တုပ်လေးထိုင်နေကြသည်။ ညအိပ်ဝတ်စုံအဝါရောင်ကြက်ပေါက်ကလေးတွေပါတဲ့ဂါဝန်နဲ့ ဘောင်းဘီတိုလေးကိုသမီးကဝတ်ထားပြီး လွန်းက pajama နက်ပြာရောင်လက်တိုလေးဝတ်ထားသည်။ တကယ့်ချစ်စရာကောင်းတဲ့သားအဖ။
"မောင် ဆိုပြမယ်နော်"
"အဲ့ပါးပါးကလေ မောင်မောင်မောင် ဆိုတာချည်းဘဲ သမီးကမရှိသလိုဘဲ စိတ်ညစ်လိုက်တာ"
သမီးကမျက်နှာပေါ်လက်လေးအုပ်တင်ကာဆိုသည်။ စကားတတ်လိုက်ပုံများ လိုက်ကိုမမှီဘူး
"ပါးပါးဆိုပြမယ်နော် သမီး"
"အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့
အပြုအစု အယုအယဟာ
မင်းဘဝအတွက်တော့
မဖူလုံနိုင်သေးတယ်
အပြုံးနဲ့နှုတ်ဆက်နေစဉ်
ကိုယ်အတွေးများက တဝဲဝဲလည်မင်းနဲ့အရင်လိုဘဝမျိုးရောက်ချင်တယ်
အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို
YOU ARE READING
သုံးနှစ်တာဆက်ဆံရေး(complete)
Randomသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)