စိုးရိမ်တာက ခင်ဗျားဖြစ်နေလို့ ...။ကျွန်တော့်စိုးရိမ်ခြင်းတွေ ၊ပူပန်ခြင်းတွေ ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံးက ခင်ဗျားအပေါ်မှာပဲ သက်ရောက်တယ်ဆိုတာ ကျွန်တော်ပြောဖူးတယ်မဟုတ်လား..။

ဒီလိုတွေလုပ်လို့ ခိုက်မိရင် ရင်ကျိုးရမှာက ကျွန်တော် ။အနာလေးများရသွားရင်ဆိုတဲ့စိတ်နဲ့ ဘာမှကို စိတ်ချခဲ့တာမဟုတ် ။

"ငါ ဘာမှမဖြစ်ဘူးလေ ဒီမှာကြည့် .."

သူဘာမှမဖြစ်ပါဘူးဆိုပြီး လက်တွေရော ၊ခြေထောက်တွေပါ လှည့်ပတ်ပြနေသေးတာ ။တကယ် စိုးရိမ်နေတဲ့ကြားထဲက ချစ်စရာကောင်းအောင်လုပ်ပြနေတော့ ကျွန်တော်ကပဲ ထပ်ချစ်မိသွားပြန်ပြီ ။အိမ်နေရင်း ဖြစ်သလို ကျွန်တော့်
အင်္ကျီအကြီးကြီးတွေလည်း ကောက်၀တ်ထားတတ်သေးတာ ။အဲ့လိုချိန်ဆို ကျွန်တော့်မှာ အသဲတွေ၊အူတွေ တယားယားနဲ့ ဒီချစ်စရာ လူသေးသေးလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့ ။အမှန်တကယ် မထိန်းနိုင်မသိမ်းနိုင် ဖျစ်ညှစ်ပစ်ချင်ခဲ့တာ ...။

"ဟုတ်ပါပြီ ..ဒါပေမဲ့ နောက်လုပ်ခွင့်မပေးဘူး "

"ကဲပါ ..ပေး မင်းလွယ်အိတ် "

"ဟုတ် "

ကျွန်တော် လွယ်နေကျ လွယ်အိတ်ကို ကမ်းပေးတော့ မြန်မြန်ဆန်ဆန်ယူပြီး လူကိုလဲ အလောတကြီး ဆွဲခေါ်နေပြန်သည် ။ဒီလူ ကြိုက်တတ်လွန်းလို့ ၀ယ်လာခဲ့တဲ့ လက်ထဲက အသီးအရွက်တွေတောင် ပြုတ်ကျတော့မည် ။တကယ် လိုချင်တာ ၊လုပ်ချင်တာများဆို အမြဲ ဇွတ်တရွတ်လေး ။

"ထမင်းတန်းစားရမှာလား ရေချိုးရအုံးမယ်လေ "

ရေချိုးမည်ကို နောက်ကလိုက်နေတာ ရေမချိုးစေချင်သေးသည့် သဘော ။သူချက်ထားတဲ့ ထမင်းကို အရင်စားစေချင်သည့် သဘော ။တကယ် လိုချင်တာလေးဆို ဘယ်လိုလေးပူဆာမှန်းမသိ ။

"ကျွန်တော် ရေအရင်ချိုးလို့ရလား "

ရှူး!

ဟင် ..ရေအရင် ချိုးမည် ပြောတာကို ဘာမှမပြောပါပဲ ကျွန်တော့်ကို တရှူးရှူးလာနမ်းနေတာ အကောင်ပေါက်လေးအတိုင်း ။

"ရေကမချိုးလဲ ရပါတယ် ဘာအနံ့မှလဲ ရတာလဲမဟုတ်ဘူး .. ငါချက်ထားတဲ့ ထမင်း အရင်စားရမယ် ..ရေနောက်မှချိုး .."

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now