ချွေးမဇောနဲ့ သားဖြစ်သူကို ကိုးနှစ်တိတိ
သူမ စွန့်ပစ်ထားခဲ့သည်။ အဲ့ဒါကို သားက
သူမကို မမုန်းနိုင်ဘဲ နေ့တိုင်း သတိရနေတယ်
ပြောတော့ မျက်ရည်တွေက ကျလာမိသည်။

မနက်က သူငယ်ချင်း ဖြစ်သူက
နင့် သားကို အရုပ်ဆိုင်မှာ တွေ့လာတယ်
ဆိုတာကြောင့် သူမ driver ကို ကားနဲ့ လိုက်ခိုင်းပြီး
သား ဖြစ်သူရှိတဲ့ အရုပ်ဆိုင်ကို သွားတော့
သား က taxi ငှားကာ အရုပ်​ဆိုင်​က​နေ
ဟိုတယ်ကို သွားခဲ့လေသည်။ ဟိုတယ်သွားတာမြင်ရော
driver ကို အမှီလိုက်​ခိုင်းရာ  သားခေါ်သွားတဲ့
မြေးလေးကိုပါ တွေ့လိုက်ရ၍ မြေးလေးကို
သူမ အိမ်ကို တစ်ခါတည်း ခေါ်လာခဲ့လိုက်သည်။
သားကို မိခင်မတန်မဲ့ ဓားနဲ့ ချိန်းခြောက်ပြီး
မြေးလေးကို အပါဆွဲခေါ်ခဲ့တဲ့ သူမကို သားက
မမုန်းဘဲ နှစ်တိုင်း သတိရနေတာတဲ့။ဒါ့ကို သူမ
ဘယ်လိုစိတ်နဲ့ ခံနိုင်ရည်ရှိတော့မလဲ။

အခုတောင် မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်
ကျနေပြီလေ။

" မာ....မာမီ ကို မမုန်းဘူးပေါ့ ခြံရံ. ...
ဒီလောက် မင်းအပေါ်ကို ရက်စက်ထားတဲ့ မာမီ ကို
မင်း မမုန်းဘူးပေါ့.. ဒါ့အပြင် မာမီ က
မင်း ပါးကိုလည်း ခဏခဏ ရိုက်ထားသေးတယ် "

မျက်ရည်တွေနဲ့ ပြောလာသော ဒေါ်နန်းအိမ် ကို
လင်းခြံရံ ကြည့်ပြီး ကိုင်ထားမြဲ ဒေါ်နန်းအိမ်
လက်ကလေးကို ပို၍  ဆုပ်ကိုင်လိုက်ကာ... .

"  ကျတော် ဘယ်တော့မှ မာမီ ကို မမုန်းခဲ့ဘူး...
မမုန်းတဲ့ အပြင် မာမီ ကိုတောင် ကျတော်
က နေ့တိုင်း သတိရနေတာ.... "

" သား...!! မာမီ သားလေး.. .!! "

ခြံရံ ပါး ကို ဒေါ်နန်းအိမ် ကိုင်ကာ မျက်ရည်တွေ
အပြည့်နဲ့  သားဟု​ခေါ်ပြီး ချက်ချင်း ဖက်ပစ်လိုက်​သည်​။

ဘေးက အပြစ်ရှိတဲ့ မေသွေးခြယ် မှာတော့
သူမ လုပ်ရပ်ကြောင့် သားမိ နှစ်ယောက်
ကွေ့ကွင်းရတာကို ကြည့်ပြီး မျက်ရည်တွေ
ကျကာ အပြစ်ရှိသူပမာ ခေါင်းပင်မဖော်ရဲပေ။

" အီးဟီး...အင့်ဟင့်....အင့်ဟင့်...
တောင်းပန်ပါတယ် Mom ....သား
တောင်းပန်ပါတယ်..."

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Место, где живут истории. Откройте их для себя