𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》

Start from the beginning
                                    

သက်ရှိထောက်လှမ်းရေးကိရိယာမရှိလျှင်တောင် ဗီလာအတွင်း၌ အသက်ရှင်သန်သူများ ရှိမည်ကို ခန့်မှန်းနိုင်ကြလေ၏။ သူတို့ချဉ်းကပ်လာသည်နှင့် ဖုတ်ကောင်များသည် လတ်ဆတ်သောအသွေးအသားရနံ့ကို ရလိုက်ကြရ၏။ သူတို့သည် ချက်ချင်းပင် ဖုတ်ကောင်များအား စတင် ပစ်ခတ် သတ်ဖြတ်လိုက်ကြ၏။

“တံခါးဖွင့်ပါ၊ ငါတို့က အစိုးရရှာဖွေကယ်ဆယ်ရေးအဖွဲ့ပါ။ ငါတို့ ဖုတ်ကောင်တွေကိုသတ်ပြီးပြီ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပါ ”

လီမင်းသည် ရှေ့သို့တက်လာပြီး တံခါးအား ပြင်းပြင်းထန်ထန်ခေါက်လိုက်၏။

တုန်ယင်နေသောလက်များသည် တံခါးအားဖွင့်လာခဲ့ပြီး အမျိုးသမီးတစ်ဦး၏ ဖျော့တော့နေသောမျက်နှာ ပေါ်လာလေ၏။ သူမသည် ပိုးသားဂါ၀န်ကို၀တ်ဆင်ထားလေ၏။ ဆာလောင်နေခြင်းကြောင့်ဖြစ်နိုင်ကာ သူမ၏ ပါးများသည် ချိုင့်၀င်နေပြီး ပါးရိုးများ ငေါထွက်နေလေ၏။ အနက်ရောင်ဆံပင်ရှိသောခေါင်းတစ်ခုနှင့် ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးကြီးတစ်စုံကြောင့် သူမသည် ထိတ်လန့်ကြောက်မက်ဖွယ်ရုပ်ရှင်တစ်ခုမှ ထွက်ပေါ်လာသည့် မင်းသမီးတစ်လက်ကဲ့သို့ပင်။

“ရှင်...ရှင်တို့....”

အမျိုးသမီးသည် အပြင်ဘက်ရှိ စစ်၀တ်စုံ၀တ်ဆင်ထားသည့် လူများကို မြင်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များ ထွက်ပေါ်လာလေ၏။ သူမသည် လီမင်းအားဆွဲလိုက်ပြီး သူ့အားအထဲသို့ ဆွဲခေါ်သွားလေ၏။

“အထဲကိုလာပါ! သူ့ကို ကယ်ပေးပါ! သူ့ကို ကယ်ပေးပါ! ”

လီမင်းသည် အမျိုးသမီး၏ ဖမ်းဆွဲခံလိုက်ရပြီး တုန်လှုပ်သွားသော်လည်း သူမ၏အသံထဲမှ အရေးတကြီးအရာကို ကြားလိုက်ရပြီး သူမနောက်မှ အိမ်ထဲသို့လိုက်သွားလေ၏။ တခြားသူများလည်း သူတို့နောက်မှ လိုက်ပါသွားခဲ့ကြ၏။

အတွင်းဘက်ရှိ အပြင်အဆင်သည် အလွန်အကျူးကို ဇိမ်ခံအဆင့်ရှိသည်ဟု ပြောနိုင်၏။ ကမ္ဘာ့အဆုံးသတ်မတိုင်ခင်ကတော့ ထိုအရာမျိုးကို ချီးကျူးအားကျသည့် ခံစားချက်များ ရှိကောင်းရှိလိမ့်မည်။ သို့သော် ယခုအချိန်မှာတော့ ထိုရှေးဟောင်းပစ္စည်း ရတနာများသည် ပေါင်မုန့်တစ်လုံးလောက်ပင် တန်ဖိုးမရှိပါတော့ချေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now